50. စစ်မှုထမ်းစေမည့်အစားကောက်ယူရာတွင်လေဝိအနွယ်ဝင်တို့ကို ငါစံတော်မူရာတဲတော်နှင့်တဲတော်ပစ္စည်းများကိုထိန်းသိမ်းစေလော့။ သူတို့သည်တဲတော်နှင့်တဲတော်ပစ္စည်းများကိုသယ်ဆောင်ရမည်။ သူတို့သည်တဲတော်တွင်အမှုတော်ကိုထမ်း၍တဲတော်ပတ်လည်တွင်စခန်းချနေထိုင်ရမည်။-
51. သင်တို့သည်စခန်းပြောင်းရွှေ့သည့်အခါတိုင်းလေဝိအမျိုးသားတို့က တဲတော်ကိုသိမ်း၍စခန်းသစ်ချရာ၌တဲတော်ကိုပြန်ထူရမည်။ လေဝိအမျိုးသားတို့မှလွဲ၍ အခြားသူတစ်ဦးသည် တဲတော်အနီးသို့ချဉ်းကပ်လျှင် ထိုသူအားသေဒဏ်စီရင်ရမည်။-
52. ဣသရေလအမျိုးသားတို့သည်စခန်းချသောအခါ မိမိတို့၏တပ်စုအလိုက်၊ အဖွဲ့အလိုက်၊ မိမိတို့၏အလံအနားမှာနေရာယူရမည်။-
53. တစ်စုံတစ်ယောက်သည်တဲတော်အနီးသို့ချဉ်းကပ်မိလျှင် ငါသည်အမျက်ထွက်၍တစ်မျိုးသားလုံးကိုဒဏ်ခတ်မည်ဖြစ်သည်။ သို့ဖြစ်၍လေဝိအနွယ်ဝင်တို့သည်တဲတော်ကိုစောင့်ကြပ်ရန်တဲတော်ပတ်လည်တွင်စခန်းချရမည်'' ဟုမိန့်တော်မူ၏။-
54. ထာဝရဘုရားသည်မောရှေအားအမိန့်ပေးတော်မူသည့်အတိုင်း ဣသရေလအမျိုးသားတို့သည်လိုက်နာဆောင်ရွက်ကြ၏။