တိ​တု 3:8-13 Common Language Bible (BCL)

8. ဤ​စ​ကား​သည်​သစ္စာ​စ​ကား​ဖြစ်​၏။ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သူ​တို့​သည်​ကောင်း မြတ်​သော​အ​ကျင့်၊ လူ​အ​ပေါင်း​တို့​အား​အ​ကျိုး ပြု​သော​အ​ကျင့်​များ​၌​မွေ့​လျော်​ကြ​စေ​ရန် အ​ထက်​တွင်​ဖော်​ပြ​ခဲ့​သည့်​အ​မှု​အ​ရာ​များ ကို​အ​ထူး​ဂ​ရု​ပြု​၍​နှိုး​ဆော်​တိုက်​တွန်း​လော့။-

9. သို့​ရာ​တွင်​အ​ကျိုး​မဲ့​ငြင်း​ခုံ​ခြင်း၊ ရှည်​လျား သော​ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း​များ​ပြု​လုပ်​ခြင်း၊ ရန်​ဖြစ်​ခြင်း၊ ပ​ညတ်​တရား​နှင့်​ပတ်​သက်​၍ အ​ငြင်း​ပွား​ခြင်း​တို့​ကို​ရှောင်​ကြဉ်​လော့။ ထို​သို့ ပြု​မူ​ခြင်း​များ​သည်​မည်​သို့​မျှ​အ​သုံး​မ​ဝင်၊ အ​ကျိုး​လည်း​မ​ရှိ။-

10. စိတ်​ဝမ်း​ကွဲ​ပြား​မှု​များ​ကို​ဖြစ်​စေ​သော​သူ​အား အ​နည်း​ဆုံး​နှစ်​ကြိမ်​သ​တိ​ပေး​ပြီး​နောက်​သူ နှင့်​ထပ်​မံ​၍​မည်​သို့​မျှ​မ​ဆက်​ဆံ​နှင့်။-

11. ထို​သို့​သော​သူ​သည်​ဖောက်​ပြန်​သော​သူ​ဖြစ် ကြောင်း​သင်​သိ​၏။ ထို​သူ့​အ​ပြစ်​သည်​သူ​အ​ပြစ် ရှိ​ကြောင်း​ကို​သက်​သေ​ထူ​လျက်​ရှိ​ပေ​သည်။

12. အာ​တေ​မ​ကို​ဖြစ်​စေ၊ တု​ခိတ်​ကို​ဖြစ်​စေ​သင့်​ထံ သို့​ငါ​စေ​လွှတ်​လိုက်​သော​အ​ခါ ငါ​ရှိ​ရာ​နိကော ပလိ​မြို့​သို့​အ​စွမ်း​ကုန်​ကြိုး​စား​၍​လာ​ခဲ့​လော့။ ထို​မြို့​တွင်​ဆောင်း​ရာ​သီ​အ​တွင်း​နေ​ထိုင်​ရန် ငါ​ဆုံး​ဖြတ်​ပြီး​ဖြစ်​၏။-

13. ရှေ့​နေ​ဖြစ်​သူ​ဇေ​န​နှင့်​အာ​ပေါ​လု​တို့​ခရီး​ပြု နိုင်​ရန်​အ​တွက်​အ​စွမ်း​ကုန်​ကူ​ညီ​ဆောင်​ရွက် ပေး​လော့။ သူ​တို့​တွင်​လို​လေ​သေး​မ​ရှိ​ရ အောင်​လည်း​ကူ​ညီ​လိုက်​ပါ။-

တိ​တု 3