7. ယင်းသို့ပြုတော်မူခြင်းမှာငါတို့သည်ကျေးဇူး တော်အားဖြင့် ဘုရားသခင်နှင့်မှန်ကန်စွာဆက် ဆံမှုကိုရရှိကာ ငါတို့မျှော်လင့်တောင့်တသည့် ထာဝရအသက်ကိုခံယူရကြစေရန်ပင် ဖြစ်ပေသည်။-
8. ဤစကားသည်သစ္စာစကားဖြစ်၏။ဘုရားသခင်ကိုယုံကြည်သူတို့သည်ကောင်း မြတ်သောအကျင့်၊ လူအပေါင်းတို့အားအကျိုး ပြုသောအကျင့်များ၌မွေ့လျော်ကြစေရန် အထက်တွင်ဖော်ပြခဲ့သည့်အမှုအရာများ ကိုအထူးဂရုပြု၍နှိုးဆော်တိုက်တွန်းလော့။-
9. သို့ရာတွင်အကျိုးမဲ့ငြင်းခုံခြင်း၊ ရှည်လျား သောဆွေစဉ်မျိုးဆက်စာရင်းများပြုလုပ်ခြင်း၊ ရန်ဖြစ်ခြင်း၊ ပညတ်တရားနှင့်ပတ်သက်၍ အငြင်းပွားခြင်းတို့ကိုရှောင်ကြဉ်လော့။ ထိုသို့ ပြုမူခြင်းများသည်မည်သို့မျှအသုံးမဝင်၊ အကျိုးလည်းမရှိ။-
10. စိတ်ဝမ်းကွဲပြားမှုများကိုဖြစ်စေသောသူအား အနည်းဆုံးနှစ်ကြိမ်သတိပေးပြီးနောက်သူ နှင့်ထပ်မံ၍မည်သို့မျှမဆက်ဆံနှင့်။-
11. ထိုသို့သောသူသည်ဖောက်ပြန်သောသူဖြစ် ကြောင်းသင်သိ၏။ ထိုသူ့အပြစ်သည်သူအပြစ် ရှိကြောင်းကိုသက်သေထူလျက်ရှိပေသည်။
12. အာတေမကိုဖြစ်စေ၊ တုခိတ်ကိုဖြစ်စေသင့်ထံ သို့ငါစေလွှတ်လိုက်သောအခါ ငါရှိရာနိကော ပလိမြို့သို့အစွမ်းကုန်ကြိုးစား၍လာခဲ့လော့။ ထိုမြို့တွင်ဆောင်းရာသီအတွင်းနေထိုင်ရန် ငါဆုံးဖြတ်ပြီးဖြစ်၏။-
13. ရှေ့နေဖြစ်သူဇေနနှင့်အာပေါလုတို့ခရီးပြု နိုင်ရန်အတွက်အစွမ်းကုန်ကူညီဆောင်ရွက် ပေးလော့။ သူတို့တွင်လိုလေသေးမရှိရ အောင်လည်းကူညီလိုက်ပါ။-
14. စားဝတ်နေရေးအတွက်အမှန်တကယ်လိုအပ် သည်တို့ကိုရရှိနိုင်ရန် ငါတို့၏လူစုသည် ကောင်းသောအသက်မွေးမှုကိုပြုကြရန်သွန် သင်လော့။ မိမိတို့၏လုပ်အားကိုအချည်းနှီး မဖြစ်စေရကြ။
15. ငါနှင့်အတူနေသူအပေါင်းတို့ကသင့်အား နှုတ်ဆက်လိုက်၏။ ယုံကြည်ခြင်းတရား၌ငါ တို့၏မိတ်ဆွေများအားနှုတ်ဆက်လော့။ဘုရားသခင်၏ကျေးဇူးတော်ကိုသင်တို့ အားလုံးခံစားရကြပါစေသော။ တိတုသြဝါဒစာပြီး၏။