1. တိုင်းပြည်အုပ်ချုပ်သူများနှင့်အာဏာပိုင်များ ၏အုပ်စိုးခြင်းကိုဝန်ခံ၍ သူတို့၏စကားကို နားထောင်ကြရန်လည်းကောင်း၊ ကောင်းမြတ်သော အမှုကိစ္စမှန်သမျှကိုဆောင်ရွက်ဖို့အသင့်ရှိ ကြရန်လည်းကောင်း သင်၏လူစုအားသတိ ပေးလော့။-
2. မည်သူ့အကြောင်းကိုမျှမကောင်းမပြောဘဲ ငြိမ်းချမ်းခင်မင်စွာနေထိုင်ကြစေရန်နှင့် အစဉ်အမြဲလူခပ်သိမ်းတို့အားသိမ်မွေ့စွာ ဆက်ဆံကြစေရန်သူတို့အားပြောကြား လော့။-
3. အခါတစ်ပါးကငါတို့ကိုယ်တိုင်ပင်လျှင် မိုက်မဲ၍ မနာခံဘဲလမ်းမှားလျက်နေခဲ့ ကြ၏။ ရမ္မက်ဆန္ဒနှင့်အမျိုးမျိုးသောအပျော် အပါးလိုက်စားမှုများ၏ကျွန်ဖြစ်ခဲ့ကြ၏။ ငါတို့၌အမြဲပင်မနာလိုသောသဘော၊ ငြူ စူသောသဘောရှိခဲ့ကြ၏။ သူတစ်ပါးတို့ သည်ငါတို့ကိုမုန်းကြ၏။ ငါတို့ကလည်း သူတို့ကိုမုန်းကြ၏။-
4. သို့ရာတွင်ငါတို့ကယ်တင်ရှင်ဘုရားသခင် ၏ကရုဏာတော်နှင့်မေတ္တာတော်ပေါ်လွင်ထင် ရှားလာသောအခါ၊-