တိ​တု 2:9-15 Common Language Bible (BCL)

9. အ​စေ​ခံ​ကျွန်​တို့​သည်​မိ​မိ​တို့​သ​ခင်​များ ၏​စ​ကား​ကို​နား​ထောင်​ရ​ကြ​မည်။ အ​စ​စ အ​ရာ​ရာ​တွင်​သခင်​တို့​နှစ်​သက်​အောင်​ပြု​ရ ကြ​မည်။ စ​ကား​တုံ့​ပြန်​ပြော​ဆို​မှု၊-

10. သို့​မ​ဟုတ်​ခိုး​ဝှက်​မှု​ကို​မ​ပြု​ရ။ ယင်း​သို့​ပြု မည့်​အ​စား​သူ​တို့​သည်​အ​စဉ်​ရိုး​သား​၍ သ​စ္စာ ရှိ​သူ​များ​ဖြစ်​ကြောင်း​ပေါ်​လွင်​စေ​ရ​မည်။ ဤ နည်း​အား​ဖြင့်​သူ​တို့​သည်​မိ​မိ​တို့​ပြု​သ​မျှ သော​အ​မှု​တို့​တွင် ငါ​တို့​ကယ်​တင်​ရှင်​ဘု​ရား သ​ခင်​၏​တ​ရား​တော်​အ​ရောင်​အ​ဝါ​ကို​ပို​မို​၍ ထွန်း​တောက်​စေ​ကြ​လိမ့်​မည်။

11. ဘု​ရား​သ​ခင်​သည်​လူ​သား​အ​ပေါင်း​တို့​အား ကယ်​တင်​ရန်​အ​တွက် မိ​မိ​၏​ကျေး​ဇူး​တော်​ကို ပေါ်​လွင်​ထင်​ရှား​စေ​တော်​မူ​ပြီ။-

14. ငါ​တို့​အား​ဆိုး​ညစ်​မိုက်​မဲ​မှု​အ​ပေါင်း​မှ​ကယ် ဆယ်​တော်​မူ​ရန်​လည်း​ကောင်း၊ ငါ​တို့​သည်​စိတ် နှ​လုံး​ဖြူ​စင်​သန့်​ရှင်း​လျက်​ကိုယ်​တော်​သာ လျှင်​ပိုင်​တော်​မူ​သော​သူ​များ​ဖြစ်​လျက် အ​ကျင့် ကောင်း​များ​၌​စိတ်​အား​ထက်​သန်​ကြ​စေ​ရန် လည်း​ကောင်း​ခ​ရစ်​တော်​သည်​ငါ​တို့​အ​တွက် မိ​မိ​ကိုယ်​ကို​စွန့်​တော်​မူ​၏။

15. သင်​သည်​ဤ​အ​ကြောင်း​အ​ရာ​များ​ကို​ဟော ပြော​သွန်​သင်​လော့။ အား​ပေး​တိုက်​တွန်း​ဆုံး​မ သွန်​သင်​သည့်​အ​ခါ​၌​သင်​၌​ရှိ​သ​မျှ​သော အ​ခွင့်​အာ​ဏာ​ကို​အ​သုံး​ပြု​လော့။ သင့်​အား အ​ဘယ်​သူ​မျှ​အ​ထင်​မ​သေး​စေ​နှင့်။

တိ​တု 2