9. သူသည်မှန်ကန်သည့်အယူဝါဒကိုစွဲမြဲစွာ ခံယူယုံကြည်ရမည်။ ဤနည်းအားဖြင့်သူသည် တရားစစ်တရားမှန်အားဖြင့်အားပေးတိုက် တွန်းနိုင်လိမ့်မည်။ ထိုတရားစစ်တရားမှန်ကို အတိုက်အခံပြုသူတို့၏အမှားကိုလည်း ထောက်ပြနိုင်လိမ့်မည်။
10. ထိုတရားကိုတော်လှန်ကာအကျိုးမဲ့သည့် စကားများအားဖြင့်လှည့်စားတတ်သူအများ အပြားပင်ရှိ၏။ အထူးသဖြင့်ယုဒဘာသာမှ ခရစ်ယာန်ဘာသာသို့ကူးပြောင်းလာသူတို့ အထဲတွင်ရှိပေသည်။-
11. ထိုသူတို့၏နှုတ်ကိုပိတ်ရန်လိုအပ်လာပေ ပြီ။ အဘယ်ကြောင့်ဆိုသော်သူတို့သည်ငွေ ရရှိရေးရည်ရွယ်ချက်ဖြင့် မသွန်သင်သင့် သောအရာများကိုသွန်သင်ခြင်းအားဖြင့် အိမ်ထောင်စုများကိုကမောက်ကမဖြစ်စေ ကြသောကြောင့်တည်း။-
15. မိမိတို့ကိုယ်တိုင်စိတ်နှလုံးစင်ကြယ်သန့်ရှင်း သူတို့အဖို့မှာ မည်သည့်အရာမဆိုစင်ကြယ် သန့်ရှင်း၏။ သို့သော်မိမိတို့ကိုယ်တိုင်မစင် ကြယ်မယုံကြည်သူတို့အဖို့မှာမူကား အဘယ်အရာမျှစင်ကြယ်သန့်ရှင်းသည်ဟူ၍ မရှိ။ အဘယ်ကြောင့်ဆိုသော်ထိုသူတို့၏စိတ် နှလုံးနှင့်သြတ္တပ္ပစိတ်သည်ညစ်ညမ်းနေသော ကြောင့်ဖြစ်၏။-
16. သူတို့သည်ဘုရားသခင်ကိုသိသည်ဟုဝန်ခံ သော်လည်းသူတို့အကျင့်ကမထောက်ခံ။ သူ တို့သည်မုန်းဖွယ်ကောင်းသူ၊ နားမထောင်သူ၊ ကောင်းမြတ်သည့်အမှုတစ်စုံတစ်ခုကိုမျှ ပြုရန်မသင့်တော်သူများဖြစ်ကြ၏။