2. ထိုဘာသာတော်သည်ထာဝရအသက်ကို မျှော်လင့်မှုတွင်အခြေခံပေသည်။ မုသား နှင့်ကင်းစင်တော်မူသောဘုရားသခင်သည် ရှေးကပ်ကာလမတည်ရှိမီကပင် ထာဝရ အသက်ကိုငါတို့အားပေးတော်မူရန် ကတိထားတော်မူပေသည်။-
3. ထိုနောက်အချိန်သင့်သောအခါ၌ထို ထာဝရအသက်ကိုတရားတော်အားဖြင့် ပေါ်လွင်ထင်ရှားစေတော်မူ၏။ ငါတို့၏ ကယ်တင်ရှင်ဘုရားသခင်သည်ထိုတရား တော်ကို ငါ့အားပေးအပ်တော်မူသည်ဖြစ်ရာ ငါသည်ကိုယ်တော်၏အမိန့်တော်အရထို တရားတော်ကိုကြေညာ၏။
4. ငါတို့နည်းတူယုံကြည်သူ၊ ယုံကြည်ခြင်းအား ဖြင့် ငါ၏သားစစ်ဖြစ်သူတိတုထံသို့ဤစာ ကိုငါရေးသားပေးပို့လိုက်ပါသည်။ခမည်းတော်ဘုရားသခင်နှင့်ငါတို့၏ကယ် တင်ရှင်ခရစ်တော်ယေရှုသည် သင့်အားကျေးဇူး တော်နှင့်ငြိမ်သက်ခြင်းကိုပေးသနားတော်မူ ပါစေသတည်း။
5. ကရေတေကျွန်းတွင်လုပ်ဆောင်စရာရှိသေး သောအမှုကိစ္စအဝဝတို့ကိုစီမံဆောင်ရွက် ရန်နှင့် အမြို့မြို့တွင်သင်းအုပ်များခန့်ထား ရန်သင့်အားငါထားခဲ့၏။ ငါယခုပေးမည့် ညွှန်ကြားချက်များကိုမမေ့နှင့်။-
6. အသင်းတော်ကိုအုပ်ထိန်းသူသည်အပြစ်ဆို စရာမရှိသူဖြစ်ရမည်။ သူ့မှာဇနီးတစ်ယောက် သာရှိရမည်။ သူ၏သားသမီးများသည်ယုံ ကြည်သူများဖြစ်ရမည်။ အပျော်ကြူးသူများ၊ စကားနားမထောင်သူများမဖြစ်စေရ။-