တမန်တော်ဝတ္ထု 9:29-40 Common Language Bible (BCL)

29. သူ​သည်​ဂ​ရိ​ဘာ​သာ​စ​ကား​ကို​သုံး​စွဲ​သူ ယု​ဒ​အ​မျိုး​သား​များ​နှင့်​အ​ချေ​အ​တင် ဆွေး​နွေး​၏။ သို့​ရာ​တွင်​ထို​သူ​တို့​သည်​သူ့ ကို​သတ်​ရန်​ကြံ​စည်​အား​ထုတ်​ကြ​၏။-

30. ထို​အ​ကြောင်း​ကို​ညီ​အစ်​ကို​တို့​ကြား​သိ​သော အ​ခါ သူ့​ကို​ကဲ​သ​ရိ​မြို့​သို့​ပို့​ဆောင်​ပြီး​လျှင် ထို​မှ​တစ်​ဖန်​တာ​ရှု​မြို့​သို့​ထွက်​ခွာ​သွား​စေ ကြ​၏။

31. ထို့​ကြောင့်​ထို​ကာ​လ​၌​ယု​ဒ​ပြည်၊ ဂါ​လိ​လဲ ပြည်​နှင့်​ရှ​မာ​ရိ​ပြည်​အ​ရပ်​ရပ်​တို့​တွင်​အ​သင်း တော်​သည်​အေး​ချမ်း​စွာ​နေ​ရ​လေ​သည်။ အ​သင်း တော်​သည်​သ​ခင်​ဘု​ရား​အား​ကြောက်​ရွံ့​ရို​သေ သော​စိတ်​ဖြင့် သက်​ရှင်​လှုပ်​ရှား​လျက်​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​၏​ကူ​ညီ​အား​ပေး​မှု​ဖြင့် တည်​တံ့​ခိုင်​မြဲ​ကာ​အ​သင်း​သား​အ​ရေ အ​တွက်​တိုး​တက်​များ​ပြား​လာ​လေ​သည်။

32. ပေ​တ​ရု​သည်​အ​ရပ်​ရပ်​သို့​လှည့်​လည်​သွား လာ​၏။ အ​ခါ​တစ်​ပါး​၌​လုဒ္ဒ​မြို့​ရှိ​ဘု​ရား သ​ခင်​၏​လူ​စု​တော်​ထံ​သို့​ရောက်​ရှိ​လာ​၏။-

33. ထို​မြို့​တွင်​လေ​ဖြတ်​သ​ဖြင့်​ရှစ်​နှစ်​ပတ်​လုံး အိပ်​ရာ​ပေါ်​မှာ​တုံး​လုံး​လဲ​နေ​သူ​အဲ​နေ နာ​မည်​ရှိ​သော​လူ​တစ်​ယောက်​ကို​တွေ့​၏။-

34. သူ့​အား​ပေ​တ​ရု​က ``အဲ​နေ၊ ယေ​ရှု​ခ​ရစ်​သည် သင့်​ကို​ကျန်း​မာ​စေ​တော်​မူ​ပြီ။ ထ​၍​အိပ်​ရာ ကို​ပြင်​လော့'' ဟု​ဆို​၏။ အဲ​နေ​သည်​ချက်​ချင်း ပင်​ထ​၏။-

35. လုဒ္ဒ​မြို့​နှင့်​ရှာ​ရုန်​လွင်​ပြင်​တွင်​နေ​ထိုင်​သူ​လူ အ​ပေါင်း​တို့​သည်​သူ့​ကို​တွေ့​မြင်​၍ သ​ခင် ဘု​ရား​ထံ​တော်​သို့​ပြောင်း​လဲ​လာ​ကြ​၏။

36. ယုပ္ပေ​မြို့​တွင်​တ​ဗိ​သ​နာ​မည်​ရှိ​သော​တ​ပည့် တော်​မ​တစ်​ဦး​ရှိ​၏။ (သူ​၏​နာ​မည်​မှာ​ဂ​ရိ စ​ကား​အား​ဖြင့်​ဒေါ်​ကာ​ဖြစ်​၍ ``ဒ​ရယ်'' ဟု အ​နက်​ရ​လေ​သည်။) သူ​သည်​ကောင်း​မှု​နှင့် စွန့်​ကြဲ​ပေး​ကမ်း​မှု​ကို​အ​စဉ်​သ​ဖြင့်​ပြု တတ်​၏။-

37. သူ​သည်​ဖျား​နာ​၍​သေ​လေ​၏။ သူ​၏​အ​လောင်း ကို​ရေ​ချိုး​ပေး​ကြ​ပြီး​သော်​အိမ်​၏​အ​ထက် ခန်း​တွင်​ပြင်​ထား​ကြ​၏။-

38. လုဒ္ဒ​မြို့​သည်​ယုပ္ပေ​မြို့​အ​နီး​တွင်​ရှိ​သ​ဖြင့်​ထို မြို့​တွင်​ပေ​တ​ရု​ရှိ​ကြောင်း တ​ပည့်​တော်​တို့​ကြား သိ​ကြ​သော​အ​ခါ ``အ​ကျွန်ုပ်​တို့​ထံ​သို့​အ​လျင် အ​မြန်​ကြွ​လာ​တော်​မူ​ပါ'' ဟူ​သော​ပန်​ကြား ချက်​ဖြင့်​လူ​နှစ်​ယောက်​ကို​ပေ​တ​ရု​ထံ​သို့​စေ လွှတ်​လိုက်​ကြ​၏။-

39. ထို့​ကြောင့်​ပေ​တ​ရု​သည်​ထို​သူ​နှစ်​ယောက်​နှင့် အ​တူ​လိုက်​ခဲ့​လေ​သည်။ ရောက်​သော​အ​ခါ​လူ တို့​သည်​သူ့​အား​အိမ်​အ​ထက်​ထပ်​ရှိ​အ​ခန်း သို့​ခေါ်​သွား​ကြ​၏။ မု​ဆိုး​မ​တို့​သည်​ပေ​တ​ရု ၏​အ​နီး​တွင်​ဝိုင်း​အုံ​လျက်​ငို​ယို​ကာ ဒေါ်​ကာ အ​သက်​ရှင်​စဉ်​အ​ခါ​က​ချုပ်​လုပ်​ထား​ခဲ့​သော အင်္ကျီ​များ​နှင့်​အ​တွင်း​ခံ​အင်္ကျီ​များ​ကို​ပြ ကြ​၏။-

40. ပေ​တ​ရု​သည်​ထို​သူ​အ​ပေါင်း​တို့​ကို​အ​ပြင် သို့​ထွက်​စေ​ပြီး​လျှင် ဒူး​ထောက်​၍​ဆု​တောင်း ပတ္ထ​နာ​ပြု​၏။ ထို​နောက်​ရုပ်​အ​လောင်း​ဘက်​သို့ လှည့်​၍ ``တ​ဗိ​သ၊ ထ​လော့'' ဟု​ဆို​၏။ ဒေါ်​ကာ သည်​မျက်​စိ​ဖွင့်​၍​ပေ​တ​ရု​ကို​မြင်​သော အ​ခါ​ထ​ထိုင်​လေ​၏။-

တမန်တော်ဝတ္ထု 9