26. သူသည်ယေရုရှလင်မြို့သို့ရောက်သောအခါ တပည့်တော်တို့နှင့်ပေါင်းဖော်ရန်ကြိုးစား၏။ သို့သော်လည်းသူသည်တပည့်တော်တစ်ဦး ဖြစ်လာကြောင်းကို တပည့်တော်အပေါင်းတို့ သည်မယုံသဖြင့်သူ့ကိုကြောက်ကြ၏။-
27. ထိုအခါဗာနဗသည်ရှောလုကိုတမန်တော် တို့ထံသို့ခေါ်ခဲ့ပြီးလျှင် လမ်းခရီးတွင်သခင် ဘုရားအားရှောလုဖူးမြင်ခဲ့ရပုံကိုလည်း ကောင်း၊ သခင်ဘုရားကရှောလုအားမည်သို့ အမိန့်ရှိခဲ့ပုံကိုလည်းကောင်း ဒမာသက်မြို့ တွင်သခင်ယေရှု၏နာမတော်ကိုအမှီပြု၍ ရှောလုရဲရင့်စွာဟောပြောခဲ့ပုံကိုလည်း ကောင်းပြောပြလေသည်။-
28. ရှောလုသည်လည်းတမန်တော်တို့နှင့်အတူ ယေရုရှလင်မြို့တွင်သွားလာလှုပ်ရှားလျက် သခင်ဘုရား၏နာမတော်ကိုအမှီပြု၍ ရဲရင့်စွာဟောပြောလေသည်။-
29. သူသည်ဂရိဘာသာစကားကိုသုံးစွဲသူ ယုဒအမျိုးသားများနှင့်အချေအတင် ဆွေးနွေး၏။ သို့ရာတွင်ထိုသူတို့သည်သူ့ ကိုသတ်ရန်ကြံစည်အားထုတ်ကြ၏။-
30. ထိုအကြောင်းကိုညီအစ်ကိုတို့ကြားသိသော အခါ သူ့ကိုကဲသရိမြို့သို့ပို့ဆောင်ပြီးလျှင် ထိုမှတစ်ဖန်တာရှုမြို့သို့ထွက်ခွာသွားစေ ကြ၏။