တမန်တော်ဝတ္ထု 9:25-28 Common Language Bible (BCL)

25. သို့​ရာ​တွင်​ရှော​လု​၏​တ​ပည့်​တို့​သည်​ညဥ့်​အ​ခါ သူ့​ကို​တောင်း​တွင်​ထည့်​၍​မြို့​ရိုး​မှ​အောက်​သို့ လျှော​ချ​ကြ​၏။

26. သူ​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​သော​အ​ခါ တ​ပည့်​တော်​တို့​နှင့်​ပေါင်း​ဖော်​ရန်​ကြိုး​စား​၏။ သို့​သော်​လည်း​သူ​သည်​တ​ပည့်​တော်​တစ်​ဦး ဖြစ်​လာ​ကြောင်း​ကို တ​ပည့်​တော်​အ​ပေါင်း​တို့ သည်​မ​ယုံ​သ​ဖြင့်​သူ့​ကို​ကြောက်​ကြ​၏။-

27. ထို​အ​ခါ​ဗာ​န​ဗ​သည်​ရှော​လု​ကို​တ​မန်​တော် တို့​ထံ​သို့​ခေါ်​ခဲ့​ပြီး​လျှင် လမ်း​ခ​ရီး​တွင်​သ​ခင် ဘု​ရား​အား​ရှော​လု​ဖူး​မြင်​ခဲ့​ရ​ပုံ​ကို​လည်း ကောင်း၊ သ​ခင်​ဘု​ရား​က​ရှော​လု​အား​မည်​သို့ အ​မိန့်​ရှိ​ခဲ့​ပုံ​ကို​လည်း​ကောင်း ဒ​မာ​သက်​မြို့ တွင်​သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ရှော​လု​ရဲ​ရင့်​စွာ​ဟော​ပြော​ခဲ့​ပုံ​ကို​လည်း ကောင်း​ပြော​ပြ​လေ​သည်။-

28. ရှော​လု​သည်​လည်း​တ​မန်​တော်​တို့​နှင့်​အ​တူ ယေ​ရု​ရှ​လင်​မြို့​တွင်​သွား​လာ​လှုပ်​ရှား​လျက် သ​ခင်​ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ရဲ​ရင့်​စွာ​ဟော​ပြော​လေ​သည်။-

တမန်တော်ဝတ္ထု 9