13. အာနနိက ``သခင်ဘုရား၊ ဤသူသည်ယေရု ရှလင်မြို့ရှိကိုယ်တော်၏လူစုတော်အားမည် မျှဒုက္ခပေးခဲ့သည်ကို လူအမြောက်မြားထံ မှအကျွန်ုပ်ကြားသိရပါ၏။-
14. ထို့ပြင်ကိုယ်တော်အားပတ္ထနာပြုသူမှန်သမျှ ကိုလည်း ဖမ်းဆီးရန်ယဇ်ပုရောဟိတ်ကြီးတို့ ထံမှအခွင့်အာဏာရရှိထားသူဖြစ်ပါ၏'' ဟုလျှောက်၏။
15. သို့ရာတွင်သခင်ဘုရားက ``သွားလော့။ ဤ သူကားလူမျိုးခြားများ၊ ရှင်ဘုရင်များနှင့် ဣသရေလအမျိုးသားတို့အား ငါ၏အကြောင်း ကိုဟောပြောကြေညာရန်ငါရွေးချယ်ထား သူဖြစ်၏။-
16. ငါ၏နာမတော်အတွက်ကြောင့်သူခံရမည့် ဒုက္ခဆင်းရဲအကြောင်းကို သူ့အားငါကိုယ် တိုင်ဖော်ပြမည်'' ဟုမိန့်တော်မူ၏။
17. ထို့ကြောင့်အာနနိသည်ရှောလုရှိသည့်အိမ် သို့သွား၍ ရှောလု၏အပေါ်မှာလက်ကိုတင် ပြီးလျှင် ``ငါ့ညီ၊ သင်သည်မျက်စိအလင်းကို ပြန်လည်ရရှိစေရန်လည်းကောင်း၊ သန့်ရှင်း သောဝိညာဉ်တော်ဖြင့်ပြည့်ဝလာစေရန်လည်း ကောင်း၊ လမ်းခရီးတွင်သင့်အားထင်ရှားတော် မူသောသခင်ယေရှုသည် ငါ့အားသင့်ထံသို့ စေလွှတ်တော်မူလိုက်၏'' ဟုဆို၏။-
18. ထိုအခါချက်ချင်းပင်ရှောလုသည်မျက်စိမှ အကြေးများကွာကျသကဲ့သို့ဖြစ်ပြီးလျှင် မျက်စိအလင်းကိုပြန်လည်ရရှိ၏။ သူသည် ထ၍ဗတ္တိဇံမင်္ဂလာကိုခံလေသည်။-
19. ထိုနောက်အစားအစာသုံးဆောင်ပြီးသော အခါခွန်အားပြည့်လာ၏။ရှောလုသည်ဒမာသက်မြို့တွင် တပည့်တော် တို့နှင့်အတူရက်အနည်းငယ်နေ၏။-
20. တရားဇရပ်များသို့ချက်ချင်းသွားရောက် ၍ သခင်ယေရှုသည်ဘုရားသခင်၏သား တော်ဖြစ်ကြောင်းဟောပြောလေ၏။