8. သို့ဖြစ်၍ထိုမြို့သူမြို့သားတို့သည်လွန်စွာ ဝမ်းမြောက်ကြ၏။
9. ထိုမြို့၌ရှိမုန်ဆိုသူလူတစ်ယောက်ရှိ၏။ သူ သည်မိမိကိုယ်ကိုခေါင်းဆောင်ကြီးဟုဆိုကာ ရှမာရိအမျိုးသားတို့အားမှော်အတတ်ကို ပြ၍လွန်စွာအံ့သြစေ၏။-
10. သို့ဖြစ်၍အတန်းအစားအမျိုးမျိုးမှလူ အပေါင်းတို့သည်``ဤသူကားမဟာတန်ခိုး တော်ဟုခေါ်သော ဘုရား၏တန်ခိုးတော်တည်း'' ဟုဆို၍ရှိမုန်၏စကားကိုအာရုံစိုက်၍ နားထောင်ကြ၏။-
11. သူတို့သည်ရှိမုန်၏မှော်အတတ်ကိုအံ့သြ လျက်နေခဲ့ကြသည်မှာကြာပြီဖြစ်သော ကြောင့် ဤသို့အာရုံစိုက်၍နားထောင်ကြ ခြင်းဖြစ်၏။-
12. သို့သော်ဘုရားသခင်၏နိုင်ငံတော်အကြောင်း၊ သခင်ယေရှုခရစ်၏အကြောင်းသတင်းကောင်း ကို ဖိလိပ္ပုဟောပြောသောအခါထိုသူတို့ ယုံကြည်လာကြသဖြင့် အမျိုးသားများ ရောအမျိုးသမီးများပါဗတ္တိဇံမင်္ဂလာ ကိုခံကြလေသည်။-
13. ရှိမုန်ကိုယ်တိုင်ပင်လျှင်ယုံကြည်သဖြင့်ဗတ္တိဇံ မင်္ဂလာကိုခံပြီးနောက် ဖိလိပ္ပုထံတွင်မှီဝဲ ဆည်းကပ်လေသည်။ သူသည်အံ့သြဖွယ်ရာ နိမိတ်လက္ခဏာများကိုတွေ့မြင်ရသော အခါ အံ့သြမိန်းမောလေ၏။
14. ယေရုရှလင်မြို့ရှိတမန်တော်တို့သည်ရှမာရိ ပြည်သားတို့ ဘုရားသခင်၏နှုတ်ကပတ်တရား တော်ကိုခံယူကြကြောင်းကြားလျှင် ပေတရု နှင့်ယောဟန်တို့ကိုသူတို့ထံသို့စေလွှတ်ကြ၏။-
15. တမန်တော်နှစ်ပါးတို့သည်ရောက်လာ၍ သန့် ရှင်းသောဝိညာဉ်ကိုထိုသူတို့ခံယူကြစေ ရန်ဆုတောင်းကြ၏။-
16. အဘယ်ကြောင့်ဆိုသော်ထိုအချိန်အထိ သန့်ရှင်းသောဝိညာဉ်တော်သည် ထိုသူတို့ အထဲမှ မည်သူတစ်စုံတစ်ယောက်၏အပေါ် သို့သက်ရောက်တော်မမူသေးသောကြောင့် ဖြစ်၏။ ထိုအချိန်အထိထိုမြို့သူမြို့သား တို့သည် သခင်ယေရှု၏နာမတော်ကိုအမှီ ပြု၍ဗတ္တိဇံခံယူထားရုံမျှသာရှိ၏။-
17. ပေတရုနှင့်ယောဟန်တို့သည်ထိုသူတို့၏ အပေါ်သို့လက်တင်ကြသောအခါ သူတို့ သည်သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူ ရရှိကြလေသည်။
20. ပေတရုက``သင်သည်ဘုရားသခင်၏ဆု ကျေးဇူးတော်ကိုငွေနှင့်ဝယ်ယူမည်အကြံ ရှိသဖြင့် သင်၏ငွေသည်သင်နှင့်အတူပျက် စီးပါစေသတည်း။-
21. ဘုရားသခင်၏ရှေ့တော်တွင်သင်၏စိတ်ထား မမှန်ကန်သဖြင့် ငါတို့၏အလုပ်တွင်သင် မပါဝင်နိုင်။-
22. ဤသို့ဆိုးညစ်မှုအတွက်နောင်တရလော့။ ဤ သို့စိတ်အကြံအစည်ပြုမိသည့်အတွက် အပြစ်ဖြေလွှတ်တော်မူရန် သခင်ဘုရား ထံဆုတောင်းလော့။-
23. သင်သည်မနာလိုစိတ်မွှန်လျက်အပြစ်ဒုစရိုက် ၏အနှောင်အဖွဲ့၌ရှိနေသည်ကိုငါမြင်၏'' ဟု ဆို၏။