တမန်တော်ဝတ္ထု 8:5-21 Common Language Bible (BCL)

5. ဖိ​လိပ္ပု​သည်​ရှ​မာ​ရိ​ပြည်​၏​မြို့​တော်​သို့​သွား​၍ မေ​ရှိ​ယ​၏​အ​ကြောင်း​ကို​ဟော​ပြော​၏။-

6. လူ​ပ​ရိ​သတ်​တို့​သည်​ဖိ​လိပ္ပု​ပြ​သည့်​နိ​မိတ် လက္ခ​ဏာ​များ​ကို​မြင်​သ​ဖြင့် သူ​၏​တ​ရား စ​ကား​ကို​အာ​ရုံ​စိုက်​၍​နာ​ယူ​ကြ​၏။-

7. နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သူ​အ​မြောက်​အ​မြား​ထဲ​မှ နတ်​မိစ္ဆာ​များ​သည် အ​သံ​ကျယ်​စွာ​ဟစ်​အော် လျက်​ထွက်​ခွာ​သွား​ကြ​၏။ လေ​ဖြတ်​သူ၊ ခြေ လက်​မ​စွမ်း​မ​သန်​သူ​များ​သည်​လည်း​ရော​ဂါ ပျောက်​သွား​ကြ​၏။-

8. သို့​ဖြစ်​၍​ထို​မြို့​သူ​မြို့​သား​တို့​သည်​လွန်​စွာ ဝမ်း​မြောက်​ကြ​၏။

9. ထို​မြို့​၌​ရှိ​မုန်​ဆို​သူ​လူ​တစ်​ယောက်​ရှိ​၏။ သူ သည်​မိ​မိ​ကိုယ်​ကို​ခေါင်း​ဆောင်​ကြီး​ဟု​ဆို​ကာ ရှ​မာ​ရိ​အ​မျိုး​သား​တို့​အား​မှော်​အ​တတ်​ကို ပြ​၍​လွန်​စွာ​အံ့​သြ​စေ​၏။-

10. သို့​ဖြစ်​၍​အ​တန်း​အ​စား​အ​မျိုး​မျိုး​မှ​လူ အ​ပေါင်း​တို့​သည်``ဤ​သူ​ကား​မ​ဟာ​တန်​ခိုး တော်​ဟု​ခေါ်​သော ဘု​ရား​၏​တန်​ခိုး​တော်​တည်း'' ဟု​ဆို​၍​ရှိ​မုန်​၏​စ​ကား​ကို​အာ​ရုံ​စိုက်​၍ နား​ထောင်​ကြ​၏။-

11. သူ​တို့​သည်​ရှိ​မုန်​၏​မှော်​အ​တတ်​ကို​အံ့​သြ လျက်​နေ​ခဲ့​ကြ​သည်​မှာ​ကြာ​ပြီ​ဖြစ်​သော ကြောင့် ဤ​သို့​အာ​ရုံ​စိုက်​၍​နား​ထောင်​ကြ ခြင်း​ဖြစ်​၏။-

12. သို့​သော်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း၊ သ​ခင်​ယေ​ရှု​ခ​ရစ်​၏​အ​ကြောင်း​သ​တင်း​ကောင်း ကို ဖိ​လိပ္ပု​ဟော​ပြော​သော​အ​ခါ​ထို​သူ​တို့ ယုံ​ကြည်​လာ​ကြ​သ​ဖြင့် အ​မျိုး​သား​များ ရော​အ​မျိုး​သ​မီး​များ​ပါ​ဗတ္တိ​ဇံ​မင်္ဂ​လာ ကို​ခံ​ကြ​လေ​သည်။-

13. ရှိ​မုန်​ကိုယ်​တိုင်​ပင်​လျှင်​ယုံ​ကြည်​သ​ဖြင့်​ဗတ္တိ​ဇံ မင်္ဂ​လာ​ကို​ခံ​ပြီး​နောက် ဖိ​လိပ္ပု​ထံ​တွင်​မှီ​ဝဲ ဆည်း​ကပ်​လေ​သည်။ သူ​သည်​အံ့​သြ​ဖွယ်​ရာ နိ​မိတ်​လက္ခ​ဏာ​များ​ကို​တွေ့​မြင်​ရ​သော အ​ခါ အံ့​သြ​မိန်း​မော​လေ​၏။

14. ယေ​ရု​ရှ​လင်​မြို့​ရှိ​တ​မန်​တော်​တို့​သည်​ရှ​မာ​ရိ ပြည်​သား​တို့ ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တ​ရား တော်​ကို​ခံ​ယူ​ကြ​ကြောင်း​ကြား​လျှင် ပေ​တ​ရု နှင့်​ယော​ဟန်​တို့​ကို​သူ​တို့​ထံ​သို့​စေ​လွှတ်​ကြ​၏။-

15. တ​မန်​တော်​နှစ်​ပါး​တို့​သည်​ရောက်​လာ​၍ သန့် ရှင်း​သော​ဝိ​ညာဉ်​ကို​ထို​သူ​တို့​ခံ​ယူ​ကြ​စေ ရန်​ဆု​တောင်း​ကြ​၏။-

16. အ​ဘယ်​ကြောင့်​ဆို​သော်​ထို​အ​ချိန်​အ​ထိ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ထို​သူ​တို့ အ​ထဲ​မှ မည်​သူ​တစ်​စုံ​တစ်​ယောက်​၏​အ​ပေါ် သို့​သက်​ရောက်​တော်​မ​မူ​သေး​သော​ကြောင့် ဖြစ်​၏။ ထို​အ​ချိန်​အ​ထိ​ထို​မြို့​သူ​မြို့​သား တို့​သည် သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​ကို​အ​မှီ ပြု​၍​ဗတ္တိ​ဇံ​ခံ​ယူ​ထား​ရုံ​မျှ​သာ​ရှိ​၏။-

17. ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည်​ထို​သူ​တို့​၏ အ​ပေါ်​သို့​လက်​တင်​ကြ​သော​အ​ခါ သူ​တို့ သည်​သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ ရ​ရှိ​ကြ​လေ​သည်။

20. ပေ​တ​ရု​က``သင်​သည်​ဘု​ရား​သ​ခင်​၏​ဆု ကျေး​ဇူး​တော်​ကို​ငွေ​နှင့်​ဝယ်​ယူ​မည်​အ​ကြံ ရှိ​သ​ဖြင့် သင်​၏​ငွေ​သည်​သင်​နှင့်​အ​တူ​ပျက် စီး​ပါ​စေ​သ​တည်း။-

21. ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​သင်​၏​စိတ်​ထား မ​မှန်​ကန်​သ​ဖြင့် ငါ​တို့​၏​အ​လုပ်​တွင်​သင် မ​ပါ​ဝင်​နိုင်။-

တမန်တော်ဝတ္ထု 8