10. သို့ဖြစ်၍အတန်းအစားအမျိုးမျိုးမှလူ အပေါင်းတို့သည်``ဤသူကားမဟာတန်ခိုး တော်ဟုခေါ်သော ဘုရား၏တန်ခိုးတော်တည်း'' ဟုဆို၍ရှိမုန်၏စကားကိုအာရုံစိုက်၍ နားထောင်ကြ၏။-
11. သူတို့သည်ရှိမုန်၏မှော်အတတ်ကိုအံ့သြ လျက်နေခဲ့ကြသည်မှာကြာပြီဖြစ်သော ကြောင့် ဤသို့အာရုံစိုက်၍နားထောင်ကြ ခြင်းဖြစ်၏။-
12. သို့သော်ဘုရားသခင်၏နိုင်ငံတော်အကြောင်း၊ သခင်ယေရှုခရစ်၏အကြောင်းသတင်းကောင်း ကို ဖိလိပ္ပုဟောပြောသောအခါထိုသူတို့ ယုံကြည်လာကြသဖြင့် အမျိုးသားများ ရောအမျိုးသမီးများပါဗတ္တိဇံမင်္ဂလာ ကိုခံကြလေသည်။-
13. ရှိမုန်ကိုယ်တိုင်ပင်လျှင်ယုံကြည်သဖြင့်ဗတ္တိဇံ မင်္ဂလာကိုခံပြီးနောက် ဖိလိပ္ပုထံတွင်မှီဝဲ ဆည်းကပ်လေသည်။ သူသည်အံ့သြဖွယ်ရာ နိမိတ်လက္ခဏာများကိုတွေ့မြင်ရသော အခါ အံ့သြမိန်းမောလေ၏။
14. ယေရုရှလင်မြို့ရှိတမန်တော်တို့သည်ရှမာရိ ပြည်သားတို့ ဘုရားသခင်၏နှုတ်ကပတ်တရား တော်ကိုခံယူကြကြောင်းကြားလျှင် ပေတရု နှင့်ယောဟန်တို့ကိုသူတို့ထံသို့စေလွှတ်ကြ၏။-
15. တမန်တော်နှစ်ပါးတို့သည်ရောက်လာ၍ သန့် ရှင်းသောဝိညာဉ်ကိုထိုသူတို့ခံယူကြစေ ရန်ဆုတောင်းကြ၏။-
16. အဘယ်ကြောင့်ဆိုသော်ထိုအချိန်အထိ သန့်ရှင်းသောဝိညာဉ်တော်သည် ထိုသူတို့ အထဲမှ မည်သူတစ်စုံတစ်ယောက်၏အပေါ် သို့သက်ရောက်တော်မမူသေးသောကြောင့် ဖြစ်၏။ ထိုအချိန်အထိထိုမြို့သူမြို့သား တို့သည် သခင်ယေရှု၏နာမတော်ကိုအမှီ ပြု၍ဗတ္တိဇံခံယူထားရုံမျှသာရှိ၏။-
17. ပေတရုနှင့်ယောဟန်တို့သည်ထိုသူတို့၏ အပေါ်သို့လက်တင်ကြသောအခါ သူတို့ သည်သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူ ရရှိကြလေသည်။