30. သို့ဖြစ်၍ဖိလိပ္ပုသည်ပြေး၍သွားရာပရော ဖက်ဟေရှာယကျမ်းကို ထိုသူဖတ်လျက်နေသည် ကိုကြားသဖြင့်``သင်ဖတ်နေသည့်ကျမ်းချက် ၏အနက်အဋ္ဌိပ္ပါယ်ကိုနားလည်ပါသလော'' ဟုမေး၏။
31. ထိုသူက``အနက်ဖွင့်ပြမည့်သူမရှိဘဲ အဘယ် သို့လျှင်နားလည်နိုင်ပါမည်နည်း'' ဟုဆိုပြီး နောက်ဖိလိပ္ပုအားရထားပေါ်သို့တက်၍ မိမိ နှင့်အတူထိုင်ရန်ဖိတ်ခေါ်၏။-
32. ထိုသူဖတ်လျက်နေသည့်ကျမ်းချက်ကား၊``သတ်ရန်ဆွဲယူသွားသောသိုးကဲ့သို့ သူ့ကိုလည်းဆောင်ယူသွားကြ၏။အမွှေးညှပ်သူတို့၏ရှေ့တွင်သိုးသားငယ်သည်နှုတ်ကိုပိတ်ထားသကဲ့သို့၊သူသည် မိမိနှုတ်ကိုမဖွင့်ဘဲနေ၏။
33. သူသည်ရှုတ်ချခြင်းကိုခံရ၏။တရားမျှတမှုရှိစေရန်သူ၏အတွက် ဆောင်ရွက်ပေးမည့်သူမရှိ။ဤလောကမှသူ၏အသက်ကိုရုပ်သိမ်းသွား သဖြင့်အဘယ်သို့လျှင်၊သူ့၏သားမြေးများကို ညွှန်ပြနိုင်မည်နည်း''ဟူ၍ဖြစ်၏။
34. ထိုအရာရှိက``ပရောဖက်သည်မည်သူ၏ အကြောင်းကိုပြောဆိုလျက်နေပါသနည်း။ မိမိ၏အကြောင်းလော၊ အခြားသူတစ်ယောက် ၏အကြောင်းလော၊ အကျွန်ုပ်အားပြောပြပါ'' ဟုဖိလိပ္ပုအားဆို၏။-
35. ဖိလိပ္ပုသည်ထိုကျမ်းပိုဒ်နှင့်ပင်အစပြု၍ သခင်ယေရှုအကြောင်းသတင်းကောင်းကို ဟောပြောလေ၏။-
36. သူတို့နှစ်ယောက်သည်ဆက်လက်၍ခရီးပြု ကြစဉ်ရေရှိသည့်အရပ်သို့ရောက်ကြ၏။ ထို အခါအရာရှိက``ဤအရပ်တွင်ရေရှိပါ၏။ ဗတ္တိဇံမင်္ဂလာကိုအကျွန်ုပ်မခံယူစေရန် ဆီးတားသည့်အကြောင်းရှိပါသလော'' ဟု ဆို၏။
37. (ဖိလိပ္ပုက``သင်သည်သခင်ယေရှုအားစိတ် နှလုံးအကြွင်းမဲ့ယုံကြည်ပါလျှင်ဗတ္တိဇံ မင်္ဂလာခံနိုင်ပါသည်'' ဟုပြန်ပြော၏။ အရာရှိ ကလည်း``သခင်ယေရှုခရစ်သည်ဘုရားသခင် ၏သားတော်ဖြစ်ကြောင်းအကျွန်ုပ်ယုံကြည်ပါ သည်'' ဟုဆို၏။)-
38. အရာရှိသည်ရထားကိုရပ်စေပြီးနောက် သူတို့ နှစ်ယောက်သည်ရေထဲသို့ဆင်းသွားကြပြီးလျှင် ဖိလိပ္ပုသည်အရာရှိအားဗတ္တိဇံမင်္ဂလာကို ပေး၏။-
39. သူတို့ရေမှတက်လာကြသောအခါ ထာဝရ ဘုရား၏ဝိညာဉ်တော်သည်ဖိလိပ္ပုအားတစ်ပါး အရပ်သို့ဆောင်ယူသွားတော်မူသဖြင့် အရာရှိ သည်ဖိလိပ္ပုကိုနောက်တစ်ဖန်မတွေ့ရတော့ပေ။ သူသည်ဝမ်းမြောက်စွာဆက်လက်ခရီးပြုလေ သည်။-
40. ဖိလိပ္ပုသည်အာဇုတ်မြို့သို့မိမိရောက်ရှိနေ သည်ကိုသိရ၏။ ထိုနောက်သူသည်ကဲသရိ မြို့သို့သွား၏။ လမ်းခရီးတွင်တစ်မြို့ပြီး တစ်မြို့သို့ဝင်၍သတင်းကောင်းကိုဟော ပြောကြေညာလေသည်။