တမန်တော်ဝတ္ထု 8:1-5 Common Language Bible (BCL)

1. ထို​နေ့​မှ​စ​၍​ယေ​ရု​ရှ​လင်​မြို့​ရှိ​အ​သင်း​တော် ဝင်​အ​ပေါင်း​တို့​သည် နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ကို ပြင်း​ထန်​စွာ​ခံ​ရ​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည် ယု​ဒ​ပြည်​နှင့် ရှ​မာ​ရိ​ပြည်​များ​သို့​ကွဲ​လွင့် သွား​ကြ​ကုန်​၏။ တ​မန်​တော်​များ​သာ​လျှင် ကျန်​ရစ်​ခဲ့​ကြ​၏။-

2. ဘု​ရား​တ​ရား​ကြည်​ညို​သူ​လူ​အ​ချို့​တို့ သည် သ​တေ​ဖန်​ကို​သင်္ဂြိုဟ်​၍​သည်း​စွာ​ငို​ကြွေး မြည်​တမ်း​ကြ​၏။

3. သို့​ရာ​တွင်​ရှော​လု​သည်​အ​သင်း​တော်​ကို ပျောက်​ပျက်​စေ​ရန်​ကြိုး​စား​လျက်​နေ​၏။ သူ သည်​တစ်​အိမ်​ပြီး​တစ်​အိမ်​ဝင်​၍ ယုံ​ကြည်​သူ အ​မျိုး​သား​အ​မျိုး​သ​မီး​တို့​ကို​ဆွဲ​ထုတ်​ကာ အ​ကျဉ်း​ထောင်​တွင်​ချုပ်​နှောင်​ထား​လေ​သည်။

4. ကွဲ​လွင့်​သွား​သည့်​ယုံ​ကြည်​သူ​တို့​သည် အ​ရပ် ရပ်​သို့​သွား​၍​တ​ရား​တော်​ကို​ဟော​ပြော​ကြ​၏။-

5. ဖိ​လိပ္ပု​သည်​ရှ​မာ​ရိ​ပြည်​၏​မြို့​တော်​သို့​သွား​၍ မေ​ရှိ​ယ​၏​အ​ကြောင်း​ကို​ဟော​ပြော​၏။-

18-19. ဤ​သို့​တ​မန်​တော်​တို့​၏​လက်​တင်​ခြင်း​ကို ခံ​ရ​သော​အား​ဖြင့် ထို​သူ​တို့​သည်​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​ကြောင်း​ကို​ရှိ​မုန် မြင်​လျှင်``အ​ကျွန်ုပ်​လက်​တင်​သော​သူ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ​ယူ​ရ​ရှိ​စေ နိုင်​သော​တန်​ခိုး​ကို​အ​ကျွန်ုပ်​အား​လည်း​ပေး ပါ'' ဟု​ဆို​ကာ​တ​မန်​တော်​တို့​အား​ငွေ​ကို ပေး​၏။

27-28. သို့​ဖြစ်​၍​ဖိ​လိပ္ပု​သည်​ထ​၍​သွား​လေ​သည်။ ထို​စဉ်​အ​ခါ​၌​အဲ​သ​ယော​ပိ​ပြည်​မှ​မိန်း​မ စိုး​အ​ရာ​ရှိ​တစ်​ယောက်​သည် ယေ​ရု​ရှ​လင်​မြို့ သို့​သွား​ရောက်​၍​ဘု​ရား​သ​ခင်​အား​ကိုး​ကွယ် ဝတ်​ပြု​ပြီး​နောက် မိ​မိ​အိမ်​သို့​ပြန်​လည်​ထွက်​ခွာ လာ​၏။ သူ​သည်​အဲ​သ​ယော​ပိ​ဘု​ရင်​မ​ကန္ဒက် ၏​ဘဏ္ဍာ​ရေး​မှူး​ချုပ်​ဖြစ်​၏။ သူ​သည်​ရ​ထား​စီး လျက်​ပ​ရော​ဖက်​ဟေ​ရှာ​ယ​ကျမ်း​ကို​ဖတ်​နေ ၏။-

တမန်တော်ဝတ္ထု 8