1. ထိုနေ့မှစ၍ယေရုရှလင်မြို့ရှိအသင်းတော် ဝင်အပေါင်းတို့သည် နှိပ်စက်ညှဉ်းဆဲခြင်းကို ပြင်းထန်စွာခံရကြ၏။ သို့ဖြစ်၍သူတို့သည် ယုဒပြည်နှင့် ရှမာရိပြည်များသို့ကွဲလွင့် သွားကြကုန်၏။ တမန်တော်များသာလျှင် ကျန်ရစ်ခဲ့ကြ၏။-
2. ဘုရားတရားကြည်ညိုသူလူအချို့တို့ သည် သတေဖန်ကိုသင်္ဂြိုဟ်၍သည်းစွာငိုကြွေး မြည်တမ်းကြ၏။
3. သို့ရာတွင်ရှောလုသည်အသင်းတော်ကို ပျောက်ပျက်စေရန်ကြိုးစားလျက်နေ၏။ သူ သည်တစ်အိမ်ပြီးတစ်အိမ်ဝင်၍ ယုံကြည်သူ အမျိုးသားအမျိုးသမီးတို့ကိုဆွဲထုတ်ကာ အကျဉ်းထောင်တွင်ချုပ်နှောင်ထားလေသည်။
4. ကွဲလွင့်သွားသည့်ယုံကြည်သူတို့သည် အရပ် ရပ်သို့သွား၍တရားတော်ကိုဟောပြောကြ၏။-
5. ဖိလိပ္ပုသည်ရှမာရိပြည်၏မြို့တော်သို့သွား၍ မေရှိယ၏အကြောင်းကိုဟောပြော၏။-
6. လူပရိသတ်တို့သည်ဖိလိပ္ပုပြသည့်နိမိတ် လက္ခဏာများကိုမြင်သဖြင့် သူ၏တရား စကားကိုအာရုံစိုက်၍နာယူကြ၏။-
7. နတ်မိစ္ဆာပူးဝင်နေသူအမြောက်အမြားထဲမှ နတ်မိစ္ဆာများသည် အသံကျယ်စွာဟစ်အော် လျက်ထွက်ခွာသွားကြ၏။ လေဖြတ်သူ၊ ခြေ လက်မစွမ်းမသန်သူများသည်လည်းရောဂါ ပျောက်သွားကြ၏။-
8. သို့ဖြစ်၍ထိုမြို့သူမြို့သားတို့သည်လွန်စွာ ဝမ်းမြောက်ကြ၏။
9. ထိုမြို့၌ရှိမုန်ဆိုသူလူတစ်ယောက်ရှိ၏။ သူ သည်မိမိကိုယ်ကိုခေါင်းဆောင်ကြီးဟုဆိုကာ ရှမာရိအမျိုးသားတို့အားမှော်အတတ်ကို ပြ၍လွန်စွာအံ့သြစေ၏။-
10. သို့ဖြစ်၍အတန်းအစားအမျိုးမျိုးမှလူ အပေါင်းတို့သည်``ဤသူကားမဟာတန်ခိုး တော်ဟုခေါ်သော ဘုရား၏တန်ခိုးတော်တည်း'' ဟုဆို၍ရှိမုန်၏စကားကိုအာရုံစိုက်၍ နားထောင်ကြ၏။-
11. သူတို့သည်ရှိမုန်၏မှော်အတတ်ကိုအံ့သြ လျက်နေခဲ့ကြသည်မှာကြာပြီဖြစ်သော ကြောင့် ဤသို့အာရုံစိုက်၍နားထောင်ကြ ခြင်းဖြစ်၏။-
12. သို့သော်ဘုရားသခင်၏နိုင်ငံတော်အကြောင်း၊ သခင်ယေရှုခရစ်၏အကြောင်းသတင်းကောင်း ကို ဖိလိပ္ပုဟောပြောသောအခါထိုသူတို့ ယုံကြည်လာကြသဖြင့် အမျိုးသားများ ရောအမျိုးသမီးများပါဗတ္တိဇံမင်္ဂလာ ကိုခံကြလေသည်။-
13. ရှိမုန်ကိုယ်တိုင်ပင်လျှင်ယုံကြည်သဖြင့်ဗတ္တိဇံ မင်္ဂလာကိုခံပြီးနောက် ဖိလိပ္ပုထံတွင်မှီဝဲ ဆည်းကပ်လေသည်။ သူသည်အံ့သြဖွယ်ရာ နိမိတ်လက္ခဏာများကိုတွေ့မြင်ရသော အခါ အံ့သြမိန်းမောလေ၏။
14. ယေရုရှလင်မြို့ရှိတမန်တော်တို့သည်ရှမာရိ ပြည်သားတို့ ဘုရားသခင်၏နှုတ်ကပတ်တရား တော်ကိုခံယူကြကြောင်းကြားလျှင် ပေတရု နှင့်ယောဟန်တို့ကိုသူတို့ထံသို့စေလွှတ်ကြ၏။-