တမန်တော်ဝတ္ထု 7:39-58 Common Language Bible (BCL)

39. ``သို့​ရာ​တွင်​ငါ​တို့​ဘိုး​ဘေး​များ​သည် သူ​၏ စ​ကား​ကို​နား​မ​ထောင်​ကြ။ သူ့​အား​ပစ်​ပယ် ကာ​အီ​ဂျစ်​ပြည်​သို့​ပြန်​လို​ကြ​၏။-

40. သူ​တို့​က`ငါ​တို့​၏​ရှေ့​က​ကြွ​တော်​မူ​မည့် ဘု​ရား​များ​ကို ငါ​တို့​အ​တွက်​ပြု​လုပ်​ပေး​ပါ။ ငါ​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ သော ဤ​မော​ရှေ​ဆို​သူ​ကား​အ​ဘယ်​သို့​ဖြစ် နေ​သည်​ကို​ငါ​တို့​မ​သိ​ပါ' ဟု​အာ​ရုန်​အား ပြော​ကြား​ကြ​၏။-

41. ထို​နောက်​သူ​တို့​သည်​နွား​သူ​ငယ်​ရုပ်​တု​ကို သွန်း​လုပ်​၍ မိ​မိ​တို့​လက်​နှင့်​လုပ်​သော​ထို​ရုပ်​တု အား​ယဇ်​ပူ​ဇော်​ကာ​ပျော်​ပွဲ​ရွှင်​ပွဲ​ကို​ကျင်း​ပ ကြ​ကုန်​၏။-

42. သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သူ​တို့​ထံ​မှ မျက်​နှာ​လွှဲ​တော်​မူ​၍ ကြယ်​နက္ခတ်​များ​ကို ကိုး​ကွယ်​ကြ​စေ​ရန်​သူ​တို့​ကို​စွန့်​ပစ်​ထား တော်​မူ​၏။ ပ​ရော​ဖက်​ကျမ်း​များ​တွင်​ဖော် ပြ​သည်​မှာ``အို ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​တို့၊သင်​တို့​သည် တော​ကန္တာရ​တွင်၊အ​နှစ်​လေး​ဆယ်​ပတ်​လုံးယဇ်​ကောင်​များ​ကို​ပူ​ဇော်​ဆက်​သ​ကြ​၏။သို့​ဆက်​သ​သည်​မှာ​ငါ့​အား​ဆက်​သ​ခြင်း မ​ဟုတ်။

43. သင်​တို့​သယ်​ဆောင်​လာ​သည့်​အ​ရာ​များ​မှာ မော​လုပ်​ဘု​ရား​စင်​နှင့်၊သင်​တို့​၏​ဘု​ရား​ရှင်​ဖန်​၏​ကြယ်​ဖြစ်​သည်။ထို​အ​ရာ​တို့​သည်​သင်​တို့​ဝတ်​ပြု​ကိုး​ကွယ်​ရန် သွန်း​လုပ်​သည့်​ရုပ်​တု​များ​ဖြစ်​ကြ​၏။ထို့​ကြောင့်​သင်​တို့​အား​ဗာ​ဗု​လုန်​မြို့​ကို ကျော်​လွန်​အောင်​ပြည်​နှင်​ဒဏ်​ငါ​ပေး​မည်''

44. ``တော​ကန္တာ​ရ​တွင်​ငါ​တို့​ဘိုး​ဘေး​များ​၌ ဘု​ရား​သ​ခင်​ကျိန်း​ဝပ်​တော်​မူ​ရာ​တဲ​တော် ရှိ​၏။ မော​ရှေ​အား​ဘု​ရား​သ​ခင်​ပြ​တော်​မူ သည့်​ပုံ​စံ​နှင့်​အ​ညီ ထို​တဲ​တော်​ကို​တည် ဆောက်​ခဲ့​၏။-

45. ငါ​တို့​အ​ဘ​များ​သည်​မိ​မိ​တို့​ဖ​ခင်​များ ထံ​မှ ထို​တဲ​တော်​ကို​ဆက်​ခံ​ကာ ဘု​ရား​သ​ခင် နှင်​ထုတ်​တော်​မူ​သော​လူ​မျိုး​တို့​၏​ပြည်​ကို ယော​ရှု​နှင့်​အ​တူ​ချီ​တက်​သိမ်း​ပိုက်​ကြ​သော အ​ခါ ထို​တဲ​တော်​ကို​သယ်​ဆောင်​သွား​ကြ​၏။ ထို​တဲ​တော်​ကား​ဒါ​ဝိဒ်​မင်း​လက်​ထက်​တိုင် အောင်​ရှိ​သ​တည်း။-

46. ဒါ​ဝိဒ်​မင်း​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော် တွင်​မျက်​နှာ​ပွင့်​လန်း​သူ​ဖြစ်​၏။ သို့​ဖြစ်​၍ ယာ​ကုပ်​၏​ဘု​ရား​ကျိန်း​ဝပ်​တော်​မူ​ရာ ဗိ​မာန်​တော်​ကို​တည်​ဆောက်​ခွင့်​ပြု​ရန် ဘု​ရား​သ​ခင်​အား​ပန်​ကြား​လေ​သည်။-

47. သို့​သော်​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို တည်​ဆောက်​ခွင့်​ရ​သူ​ကား ရှော​လ​မုန်​မင်း ကြီး​ဖြစ်​သ​တည်း။''

48. ``သို့​ရာ​တွင်​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား သည် လူ​တည်​ဆောက်​သော​အိမ်​များ​တွင်​ကျိန်း ဝပ်​တော်​မ​မူ။ ဟု​ပ​ရော​ဖက်​က​ပြော​၏။-

49. `ကောင်း​ကင်​ဘုံ​သည်​ငါ​၏​ပလ္လင်​ဖြစ်​၏။ကမ္ဘာ​မြေ​ကြီး​သည်​ငါ​၏​ခြေ​တင်​ခုံ​ဖြစ်​၏။သင်​သည်​အ​ဘယ်​သို့​သော​ဗိ​မာန်​တော်​ကို ငါ့​အ​တွက်​တည်​ဆောက်​မည်​နည်း။ငါ​ကျိန်း​ဝပ်​ရန်​အ​ရပ်​ကား​အ​ဘယ်​မှာ​နည်း။

50. ငါ​ကိုယ်​တိုင်​ပင်​ဤ​အ​ရာ​ခပ်​သိမ်း​ကိုဖန်​ဆင်း​သည်​မ​ဟုတ်​လော'ဟု​ဟော​ကြား​သည့်​အ​တိုင်း​ပင်​ဖြစ်​သည်။''

51. ``သင်​တို့​သည်​လွန်​စွာ​ခေါင်း​မာ​ကြ​သည် တ​ကား။ သင်​တို့​စိတ်​နှ​လုံး​သည်​ဘု​ရား​သ​ခင် ၏​ဗျာ​ဒိတ်​စ​ကား​ကို​ကြား​နာ​ရန်​နား​ပင်း ကြ​သည်​တ​ကား။ သင်​တို့​သည်​မိ​မိ​တို့​ဘိုး ဘေး​များ​ကဲ့​သို့​ပင် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ကို​အ​စဉ်​အ​မြဲ​ဆန့်​ကျင်​ဘက်​ပြု​ကြ​သည် တ​ကား။-

52. သင်​တို့​ဘိုး​ဘေး​များ​မ​နှိပ်​စက်​မ​ညှဉ်း​ဆဲ သည့်​ပ​ရော​ဖက်​ဟူ​၍ အ​ဘယ်​မှာ​ရှိ​သ​နည်း။ သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ဖြောင့်​မတ်​သော အ​စေ​ခံ​ကြွ​လာ​တော်​မူ​မည့်​အ​ကြောင်း​ကို ကြို​တင်​ဟော​ကြား​ကြ​သည့်​ပ​ရော​ဖက်​များ ကို​သတ်​ဖြတ်​ခဲ့​ကြ​၏။ ယ​ခု​သင်​တို့​သည် ထို​အ​ရှင်​ကို​အပ်​၍​သတ်​ဖြတ်​ကြ​ပြီ။-

53. ကောင်း​ကင်​တ​မန်​များ​မှ​တစ်​ဆင့်​ပေး​အပ် တော်​မူ​သည့်​ပ​ညတ်​တော်​ကို​ရ​ရှိ​သော်​လည်း ထို​ပ​ညတ်​တော်​ကို​မ​လိုက်​နာ​ကြ​ပါ​တ​ကား'' ဟု​သ​တေ​ဖန်​မြွက်​ဆို​၏။

54. ယု​ဒ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​တို့​သည် ထို​စ​ကား​ကို​ကြား​သော​အ​ခါ ဒေါ​သ​ချောင်း ချောင်း​ထွက်​၍​အံ​သွား​ကြိတ်​ခြင်း​ကို​ပြု​ကြ​၏။-

55. သို့​သော်​သ​တေ​ဖန်​သည်​သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​နှင့်​ပြည့်​ဝ​လျက် ကောင်း​ကင်​သို့​ကြည့်​လိုက် သော​အ​ခါ ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော် ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​၏​လက်​ယာ​တော် ဘက်​တွင်​လူ​သား​ရပ်​လျက်​နေ​တော်​မူ​သည် ကို​လည်း​ကောင်း​မြင်​လေ​၏။-

56. ထို​အ​ခါ​သ​တေ​ဖန်​က``ငါ​သည်​ကောင်း​ကင် ပွင့်​လှစ်​သည်​ကို​လည်း​ကောင်း၊ လူ​သား​သည် ဘု​ရား​သ​ခင်​၏​လက်ယာ​ဘက်​တွင်​ရပ်​လျက် နေ​တော်​မူ​သည်​ကို​လည်း​ကောင်း​ငါ​မြင်​၏'' ဟု​ဆို​၏။

57. ထို​သူ​တို့​သည်​ကျယ်​စွာ​ဟစ်​အော်​လျက် မိ​မိ တို့​၏​နား​များ​ကို​လက်​ဖြင့်​ပိတ်​ဆို့​ပြီး​လျှင် သူ့​ဆီ​သို့​တ​ရှိန်​ထိုး​ပြေး​ကာ၊-

58. သူ့​ကို​မြို့​ပြင်​သို့​ဆွဲ​ထုတ်​ပြီး​နောက်​ကျောက်​ခဲ နှင့်​ပေါက်​ကြ​၏။ အ​သိ​သက်​သေ​များ​သည်​မိ​မိ တို့​ဝတ်​လုံ​များ​ကို​ရှော​လု​နာ​မည်​ရှိ​သူ လူ​ငယ် လူ​ရွယ်​တစ်​ယောက်​အား​အပ်​ထား​ကြ​၏။-

တမန်တော်ဝတ္ထု 7