39. ``သို့ရာတွင်ငါတို့ဘိုးဘေးများသည် သူ၏ စကားကိုနားမထောင်ကြ။ သူ့အားပစ်ပယ် ကာအီဂျစ်ပြည်သို့ပြန်လိုကြ၏။-
40. သူတို့က`ငါတို့၏ရှေ့ကကြွတော်မူမည့် ဘုရားများကို ငါတို့အတွက်ပြုလုပ်ပေးပါ။ ငါတို့အားအီဂျစ်ပြည်မှထုတ်ဆောင်လာ သော ဤမောရှေဆိုသူကားအဘယ်သို့ဖြစ် နေသည်ကိုငါတို့မသိပါ' ဟုအာရုန်အား ပြောကြားကြ၏။-
41. ထိုနောက်သူတို့သည်နွားသူငယ်ရုပ်တုကို သွန်းလုပ်၍ မိမိတို့လက်နှင့်လုပ်သောထိုရုပ်တု အားယဇ်ပူဇော်ကာပျော်ပွဲရွှင်ပွဲကိုကျင်းပ ကြကုန်၏။-
42. သို့ဖြစ်၍ဘုရားသခင်သည်သူတို့ထံမှ မျက်နှာလွှဲတော်မူ၍ ကြယ်နက္ခတ်များကို ကိုးကွယ်ကြစေရန်သူတို့ကိုစွန့်ပစ်ထား တော်မူ၏။ ပရောဖက်ကျမ်းများတွင်ဖော် ပြသည်မှာ``အို ဣသရေလအမျိုးအနွယ်တို့၊သင်တို့သည် တောကန္တာရတွင်၊အနှစ်လေးဆယ်ပတ်လုံးယဇ်ကောင်များကိုပူဇော်ဆက်သကြ၏။သို့ဆက်သသည်မှာငါ့အားဆက်သခြင်း မဟုတ်။
43. သင်တို့သယ်ဆောင်လာသည့်အရာများမှာ မောလုပ်ဘုရားစင်နှင့်၊သင်တို့၏ဘုရားရှင်ဖန်၏ကြယ်ဖြစ်သည်။ထိုအရာတို့သည်သင်တို့ဝတ်ပြုကိုးကွယ်ရန် သွန်းလုပ်သည့်ရုပ်တုများဖြစ်ကြ၏။ထို့ကြောင့်သင်တို့အားဗာဗုလုန်မြို့ကို ကျော်လွန်အောင်ပြည်နှင်ဒဏ်ငါပေးမည်''
44. ``တောကန္တာရတွင်ငါတို့ဘိုးဘေးများ၌ ဘုရားသခင်ကျိန်းဝပ်တော်မူရာတဲတော် ရှိ၏။ မောရှေအားဘုရားသခင်ပြတော်မူ သည့်ပုံစံနှင့်အညီ ထိုတဲတော်ကိုတည် ဆောက်ခဲ့၏။-
45. ငါတို့အဘများသည်မိမိတို့ဖခင်များ ထံမှ ထိုတဲတော်ကိုဆက်ခံကာ ဘုရားသခင် နှင်ထုတ်တော်မူသောလူမျိုးတို့၏ပြည်ကို ယောရှုနှင့်အတူချီတက်သိမ်းပိုက်ကြသော အခါ ထိုတဲတော်ကိုသယ်ဆောင်သွားကြ၏။ ထိုတဲတော်ကားဒါဝိဒ်မင်းလက်ထက်တိုင် အောင်ရှိသတည်း။-