36. သူသည်အီဂျစ်ပြည်နှင့်ပင်လယ်နီတွင်လည်း ကောင်း၊ အနှစ်လေးဆယ်ပတ်လုံးတောကန္တာရ တွင်လည်းကောင်း အံ့သြဖွယ်ရာနိမိတ်လက္ခ ဏာများကိုပြလျက် ဣသရေလအမျိုး သားတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်လာ သူဖြစ်၏။-
37. `သင်တို့သားချင်းများအထဲတွင် ငါကဲ့သို့ သောပရောဖက်တစ်ပါးကိုဘုရားသခင် သည် သင်တို့အတွက်ပေါ်ထွန်းစေတော်မူ လိမ့်မည်' ဟုဣသရေလအမျိုးသားတို့အား ပြောကြားခဲ့သူမှာမောရှေပင်ဖြစ်၏။-
38. သူသည်တောကန္တာရ၌စုဝေးလျက်ရှိသော ဣသရေလအမျိုးသားတို့နှင့်လည်းကောင်း၊ ငါတို့ဘိုးဘေးများနှင့်လည်းကောင်း၊ သိနာ တောင်ပေါ်တွင်မိမိအားဗျာဒိတ်ပေးသည့် ကောင်းကင်တမန်နှင့်လည်းကောင်းအတူရှိ နေခဲ့သူဖြစ်၏။ ငါတို့အားဆင့်ဆိုရန် ဘုရားသခင်ထံတော်မှ အသက်ရှင်စေ သောဗျာဒိတ်တော်ကိုခံယူရရှိသူလည်း ဖြစ်၏။
39. ``သို့ရာတွင်ငါတို့ဘိုးဘေးများသည် သူ၏ စကားကိုနားမထောင်ကြ။ သူ့အားပစ်ပယ် ကာအီဂျစ်ပြည်သို့ပြန်လိုကြ၏။-
40. သူတို့က`ငါတို့၏ရှေ့ကကြွတော်မူမည့် ဘုရားများကို ငါတို့အတွက်ပြုလုပ်ပေးပါ။ ငါတို့အားအီဂျစ်ပြည်မှထုတ်ဆောင်လာ သော ဤမောရှေဆိုသူကားအဘယ်သို့ဖြစ် နေသည်ကိုငါတို့မသိပါ' ဟုအာရုန်အား ပြောကြားကြ၏။-