တမန်တော်ဝတ္ထု 7:3-19 Common Language Bible (BCL)

3. ကိုယ်​တော်​က`သင်​၏​ပြည်​နှင့်​ဆွေ​မျိုး​သား​ချင်း တို့​ထံ​မှ​ထွက်​ခွာ​၍ ငါ​ပြ​လတ္တံ့​သော​ပြည်​သို့ သွား​လော့' ဟု​မိန့်​တော်​မူ​၏။-

4. ထို​အ​ခါ​အာ​ဗြ​ဟံ​သည်​ခါ​လ​ဒဲ​ပြည်​မှ ထွက်​ခွာ​၍ ခါ​ရန်​မြို့​သို့​သွား​ရောက်​နေ​ထိုင်​၏။ သူ​၏​ဖ​ခင်​သေ​လွန်​သော​အ​ခါ​သူ့​အား ထို မြို့​မှ​ယ​ခု​သင်​တို့​နေ​ထိုင်​ရာ​ပြည်​သို့​ဘု​ရား သ​ခင်​ပြောင်း​ရွှေ့​စေ​တော်​မူ​၏။-

5. ထို​အ​ခါ​က​ကိုယ်​တော်​သည်​အာ​ဗြ​ဟံ အား ထို​ပြည်​တွင်​ပစ္စည်း​ဥစ္စာ​တစ်​စုံ​တစ်​ရာ ကို​မျှ​ပေး​တော်​မ​မူ။ မြေ​တစ်​ပေ​ပတ်​လည် ကို​ပင်​ပေး​တော်​မ​မူ။ သို့​ရာ​တွင်​ထို​ပြည်​ကို သူ့​အား​လည်း​ကောင်း၊ သူ့​နောက်​တွင်​သူ​၏ သား​မြေး​များ​အား​လည်း​ကောင်း အ​ပိုင်​ပေး တော်​မူ​မည်​ဟူ​၍​က​တိ​ပြု​တော်​မူ​၏။ ထို သို့​က​တိ​ပြု​စဉ်​အ​ခါ​၌​အာ​ဗြ​ဟံ​တွင် သား​သ​မီး​မ​ရှိ​သေး​ချေ။-

6. ဘု​ရား​သ​ခင်​က​အာ​ဗြ​ဟံ​အား`သင်​၏​သား မြေး​တို့​သည် နိုင်​ငံ​ရပ်​ခြား​တွင်​သူ​စိမ်း​များ အ​ဖြစ်​ဖြင့်​နေ​ရ​ကြ​လိမ့်​မည်။ အ​နှစ်​လေး​ရာ ပတ်​လုံး​ကျွန်​ခံ​ရ​၍​နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း ခံ​ရ​ကြ​လိမ့်​မည်။-

7. သူ​တို့​အား​ကျွန်​စေ​စား​သော​လူ​မျိုး​အား ငါ ဒဏ်​စီ​ရင်​တော်​မူ​မည်။ ထို​နောက်​သင်​၏​သား မြေး​တို့​သည်​ထို​ပြည်​မှ​လွတ်​မြောက်​ကြ​ပြီး လျှင် ဤ​အ​ရပ်​တွင်​ငါ့​အား​ကိုး​ကွယ်​ဝတ်​ပြု ကြ​လတ္တံ့' ဟူ​၍​မိန့်​တော်​မူ​၏။-

8. ထို့​အ​ပြင်​ဘု​ရား​သ​ခင်​သည်​မိ​မိ​ပြု​တော် မူ​ခဲ့​သော​ပ​ဋိ​ညာဉ်​တော်​၏​အ​မှတ်​လက္ခ​ဏာ တစ်​ရပ်​အ​နေ​ဖြင့် အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ ကို​အာ​ဗြ​ဟံ​အား​အပ်​ပေး​တော်​မူ​၏။ သို့​ဖြစ်​၍ အာ​ဗြ​ဟံ​သည်​သား​ဣ​ဇာက်​ကို​ရ​ပြီး​နောက် ရှစ်​ရက်​မြောက်​သော​နေ့​၌ သူ့​အား​အ​ရေ​ဖျား လှီး​မင်္ဂ​လာ​ကို​ပေး​လေ​၏။ ထို​နည်း​တူ​ဣ​ဇာက် သည်​သား​ယာ​ကုပ်​ကို​လည်း​ကောင်း၊ ယာ​ကုပ် သည်​သား​တစ်​ဆယ့်​နှစ်​ယောက်​ကို​လည်း​ကောင်း၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ပေး​၏။ ယာ​ကုပ် ၏​သား​များ​ကား​လူ​မျိုး​၏​အ​ဖ​တစ်​ဆယ့် နှစ်​ပါး​တည်း။

9. ``လူ​မျိုး​၏​အ​ဖ​တို့​သည်​မိ​မိ​တို့​ညီ​ယော​သပ် အား​မ​နာ​လို​သ​ဖြင့် အီ​ဂျစ်​ပြည်​တွင်​ကျွန်​ခံ စေ​ရန်​ရောင်း​လိုက်​ကြ​၏။ သို့​ရာ​တွင်​ဘု​ရား သ​ခင်​သည်​သူ​နှင့်​အ​တူ​ရှိ​တော်​မူ​သည် ဖြစ်​၍၊-

10. သူ့​အား​ဒုက္ခ​ဆင်း​ရဲ​အ​ပေါင်း​မှ​ကယ်​နုတ်​တော် မူ​၏။ ဘု​ရား​သ​ခင်​သည်​ယော​သပ်​အား အီ​ဂျစ် ပြည့်​ရှင်​ဖာ​ရော​ဘု​ရင်​၏​ရှေ့​တော်​တွင်​မျက်​နှာ ပွင့်​လန်း​စေ​တော်​မူ​၏။ သူ့​အား​လည်း​ဉာဏ်​ပ​ညာ ကို​ပေး​တော်​မူ​၏။ ဖာ​ရော​ဘု​ရင်​သည်​သူ့​ကို အီ​ဂျစ်​ပြည်​ဘု​ရင်​ခံ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ နန်း​တော်​ဝန်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ခန့်​ထား တော်​မူ​လေ​သည်။-

11. အီ​ဂျစ်​ပြည်​နှင့်​ခါ​နန်​ပြည်​တို့​တွင် အ​စာ​ငတ် မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဆိုက်​ရောက်​သ​ဖြင့် အ​တိ​ဒုက္ခ​ရောက်​ကြ​ကုန်​၏။ ငါ​တို့​၏​ဘိုး ဘေး​တို့​မှာ​အ​စာ​ရေ​စာ​မ​ရှိ​ကြ​တော့ ချေ။-

12. သို့​ရာ​တွင်​အီ​ဂျစ်​ပြည်​တွင်​စ​ပါး​များ​ရှိ ကြောင်း​ယာ​ကုပ်​ကြား​သော​အ​ခါ မိ​မိ​၏ သား​များ​ကို​ထို​ပြည်​သို့​ပ​ထ​မ​အ​ကြိမ် စေ​လွှတ်​လိုက်​၏။-

13. သူ​တို့​ဒု​တိ​ယ​အ​ကြိမ်​လာ​ရောက်​ကြ​သော အ​ခါ​၌ ယော​သပ်​သည်​မိ​မိ​မှာ​မည်​သူ​မည်​ဝါ ဖြစ်​သည်​ကို​အစ်​ကို​ဖြစ်​သူ​တို့​အား​ပြော​ပြ လေ​သည်။ ဖာ​ရော​ဘု​ရင်​သည်​ယော​သပ်​၏ အိမ်​ထောင်​စု​အ​ကြောင်း​ကို​သိ​ရှိ​လာ​၏။-

14. ယော​သပ်​သည်​ဖ​ခင်​ယာ​ကုပ်​နှင့်​တ​ကွ​စု​စု ပေါင်း ခု​နစ်​ဆယ့်​ငါး​ယောက်​သော​ဆွေ​မျိုး​သား ချင်း​တို့​ကို အီ​ဂျစ်​ပြည်​သို့​ဖိတ်​ခေါ်​လေ​သည်။-

15. ထို့​ကြောင့်​ယာ​ကုပ်​သည်​အီ​ဂျစ်​ပြည်​သို့​လိုက် လာ​ခဲ့​၏။ ထို​ပြည်​တွင်​သူ​နှင့်​သူ​၏​သား​များ သေ​လွန်​ကြ​၏။-

16. သူ​တို့​၏​အ​လောင်း​များ​ကို​ရှေ​ခင်​မြို့​သို့​ပို့ ဆောင်​ပြီး​လျှင် အာ​ဗြ​ဟံ​ဝယ်​ယူ​ထား​ခဲ့​သည့် သင်္ချိုင်း​တွင်​သင်္ဂြိုဟ်​ကြ​၏။ ထို​သင်္ချိုင်း​ကား​ဟာ မော်​၏​သား​များ​ထံ​မှ​အာ​ဗြ​ဟံ​အ​ဖိုး​ငွေ ပေး​၍​ဝယ်​ယူ​ထား​သော​သင်္ချိုင်း​ဖြစ်​သ​တည်း။''

17. ``ဘု​ရား​သ​ခင်​သည်​အာ​ဗြ​ဟံ​အား​ထား တော်​မူ​သော က​တိ​တော်​ကို​အ​ကောင်​အ​ထည် ဖော်​ရန်​အ​ချိန်​နီး​ကပ်​လာ​သော​အ​ခါ အီ​ဂျစ် ပြည်​တွင်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ဦး​ရေ များ​စွာ​တိုး​ပွား​ခဲ့​၏။-

18. ထို​အ​ခါ​အီ​ဂျစ်​ပြည်​တွင် ယော​သပ်​ကို​မ​သိ သော​ရှင်​ဘု​ရင်​တစ်​ပါး​ပေါ်​ထွန်း​လာ​၏။-

19. ထို​ဘု​ရင်​သည်​ငါ​တို့​ဘိုး​ဘေး​တို့​ကို​လှည့် စား​၍ သူ​တို့​အား​နှိပ်​စက်​ညှဉ်း​ဆဲ​၏။ သူ​တို့ ၏​က​လေး​သူ​ငယ်​များ​အား​သေ​စေ​ရန်​အိမ် ပြင်​တွင်​ပစ်​ထား​စေ​၏။-

တမန်တော်ဝတ္ထု 7