တမန်တော်ဝတ္ထု 7:26-38 Common Language Bible (BCL)

26. နောက်​တစ်​နေ့​၌​ဣ​သ​ရေ​လ​အ​မျိုး​သား နှစ်​ယောက်​ခိုက်​ရန်​ဖြစ်​လျက်​နေ​ကြ​သည်​ကို တွေ့​လျှင် မော​ရှေ​က`သင်​တို့​သည်​ညီ​အစ်​ကို​ချင်း ဖြစ်​ပါ​လျက်​နှင့် အ​ဘယ်​ကြောင့်​ခိုက်​ရန်​ဖြစ် နေ​ကြ​ပါ​သ​နည်း' ဟု​ဆို​၍​ဖျန်​ဖြေ​၏။-

27. သို့​ရာ​တွင်​မ​တ​ရား​သ​ဖြင့်​ပြု​သူ​သည် မော​ရှေ​အား ဘေး​သို့​တွန်း​ဖယ်​လိုက်​ပြီး လျှင်`ငါ​တို့​အား​တ​ရား​စီ​ရင်​အုပ်​ချုပ်​သူ အ​ဖြစ်​ဖြင့်​သင့်​ကို​မည်​သူ​ခန့်​ထား​သ​နည်း။-

28. ယ​မန်​နေ့​က​အီ​ဂျစ်​အ​မျိုး​သား​တစ်​ယောက် ကို​သတ်​ခဲ့​သည်​နည်း​တူ ငါ့​ကို​လည်း​သတ်​လို ပါ​သ​လော' ဟု​မေး​၏။-

29. မော​ရှေ​သည်​ထို​စ​ကား​ကို​ကြား​သော​အ​ခါ အီ​ဂျစ်​ပြည်​မှ​ထွက်​ပြေး​၍​မိ​ဒျန်​ပြည်​တွင် နေ​ထိုင်​လေ​သည်။ သူ​သည်​ထို​ပြည်​တွင်​သား နှစ်​ယောက်​ကို​ရ​၏။

30. ``အ​နှစ်​လေး​ဆယ်​ကြာ​သော​အ​ခါ သိ​နာ​တောင် အ​နီး​တော​ကန္တာ​ရ​တွင်​မီး​လျှံ​တောက်​လျက်​နေ သည့်​ချုံ​ထဲ​မှ ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် မော​ရှေ​အား​ကိုယ်​ထင်​ပြ​လေ​သည်။-

31. ထို​အ​ခြင်း​အ​ရာ​ကို​မြင်​လျှင်​မော​ရှေ​သည် လွန်​စွာ​အံ့​သြ​သ​ဖြင့် ကြည့်​ရန်​အ​နီး​သို့ ချဉ်း​ကပ်​လိုက်​သော​အ​ခါ၊-

32. `ငါ​သည်​သင့်​ဘိုး​ဘေး​များ​၏​ဘု​ရား၊ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​၏​ဘု​ရား​ဖြစ်​၏' ဟု​ထာ​ဝ​ရ ဘု​ရား​၏​အ​သံ​တော်​ကို​ကြား​ရ​၏။ မော​ရှေ သည်​တုန်​လှုပ်​လျက်​မ​ကြည့်​ဝံ့​ဘဲ​နေ​၏။-

33. ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား`သင်​ခြေ​နင်း​ရာ အ​ရပ်​သည်​သန့်​ရှင်း​မြင့်​မြတ်​သော​မြေ​ဖြစ်​၏။ သင်​၏​ဖိ​နပ်​ကို​ချွတ်​လော့။-

34. အီ​ဂျစ်​ပြည်​ရှိ​ငါ​၏​လူ​စု​တော်​နှိပ်​စက်​ညှဉ်း​ဆဲ ခြင်း​ခံ​ရ​ကြ​သည်​ကို​ငါ​မြင်​ရ​ပြီ။ သူ​တို့​၏ ညည်း​တွား​မြည်​တမ်း​သံ​ကို​လည်း​ငါ​ကြား ရ​ပြီ။ သို့​ဖြစ်​၍​သူ​တို့​အား​ကယ်​တင်​ရန်​ငါ ဆင်း​သက်​ခဲ့​ပြီ။ ယ​ခု​သွား​လော့။ သင့်​ကို​အီ​ဂျစ် ပြည်​သို့​ငါ​စေ​လွှတ်​မည်' ဟု​မိန့်​တော်​မူ​၏။''

35. ``မော​ရှေ​ကား​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ပစ်​ပယ်​ခြင်း​ကို​ခံ​ရ​သူ​တည်း။ သူ​တို့​က`ငါ​တို့ ကို​တ​ရား​စီ​ရင်​အုပ်​ချုပ်​သူ​အ​ဖြစ်​ဖြင့် သင့် အား​မည်​သူ​ခန့်​ထား​သ​နည်း' ဟု​သူ့​အား​မေး ကြ​၏။ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကို​အုပ်​ချုပ်​ရန်​နှင့် မီး​လျှံ​တောက်​သော​ချုံ​တွင် ထင်​ရှား​သော​ကောင်း​ကင်​တ​မန်​၏​အ​ကူ​အ​ညီ ဖြင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​လွတ်​မြောက် ရေး​ဆောင်​ရွက်​ရန်​ဘု​ရား​သ​ခင်​စေ​လွှတ်​သော သူ​ဖြစ်​သည်။-

36. သူ​သည်​အီ​ဂျစ်​ပြည်​နှင့်​ပင်​လယ်​နီ​တွင်​လည်း ကောင်း၊ အ​နှစ်​လေး​ဆယ်​ပတ်​လုံး​တော​ကန္တာ​ရ တွင်​လည်း​ကောင်း အံ့​သြ​ဖွယ်​ရာ​နိ​မိတ်​လက္ခ ဏာ​များ​ကို​ပြ​လျက် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​လာ သူ​ဖြစ်​၏။-

37. `သင်​တို့​သား​ချင်း​များ​အ​ထဲ​တွင် ငါ​ကဲ့​သို့ သော​ပ​ရော​ဖက်​တစ်​ပါး​ကို​ဘု​ရား​သ​ခင် သည် သင်​တို့​အ​တွက်​ပေါ်​ထွန်း​စေ​တော်​မူ လိမ့်​မည်' ဟု​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြော​ကြား​ခဲ့​သူ​မှာ​မော​ရှေ​ပင်​ဖြစ်​၏။-

38. သူ​သည်​တော​ကန္တာ​ရ​၌​စု​ဝေး​လျက်​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​လည်း​ကောင်း၊ ငါ​တို့​ဘိုး​ဘေး​များ​နှင့်​လည်း​ကောင်း၊ သိ​နာ တောင်​ပေါ်​တွင်​မိ​မိ​အား​ဗျာ​ဒိတ်​ပေး​သည့် ကောင်း​ကင်​တ​မန်​နှင့်​လည်း​ကောင်း​အ​တူ​ရှိ နေ​ခဲ့​သူ​ဖြစ်​၏။ ငါ​တို့​အား​ဆင့်​ဆို​ရန် ဘု​ရား​သ​ခင်​ထံ​တော်​မှ အ​သက်​ရှင်​စေ သော​ဗျာ​ဒိတ်​တော်​ကို​ခံ​ယူ​ရ​ရှိ​သူ​လည်း ဖြစ်​၏။

တမန်တော်ဝတ္ထု 7