23. ``သူသည်အသက်လေးဆယ်ရှိသောအခါ မိမိ ၏သားချင်းများဖြစ်သည့်ဣသရေလအမျိုး သားတို့ထံသို့သွားရောက်လည်ပတ်ရန်စိတ်ပိုင်း ဖြတ်လေသည်။-
24. ယင်းသို့လည်ပတ်နေချိန်တွင်ဣသရေလ အမျိုးသားတစ်ဦးအား အီဂျစ်အမျိုးသား တစ်ယောက်ကရိုက်နှက်လျက်နေသည်ကိုမြင် လျှင် မိမိအမျိုးသား၏ဘက်မှဝင်ရောက် ကူညီကာ အီဂျစ်အမျိုးသားကိုသတ်၍ လက်စားချေလိုက်လေသည်။-
25. (မောရှေသည်ဣသရေလအမျိုးသားတို့၏ လွတ်မြောက်ရေးအတွက် မိမိအားဘုရား သခင်စေလွှတ်တော်မူခဲ့ကြောင်းကို သူတို့ သိရှိနားလည်ကြလိမ့်မည်ဟုထင်မှတ်ခဲ့ ၏။ သို့ရာတွင်ထိုသူတို့သည်နားမလည် ကြ။)-
26. နောက်တစ်နေ့၌ဣသရေလအမျိုးသား နှစ်ယောက်ခိုက်ရန်ဖြစ်လျက်နေကြသည်ကို တွေ့လျှင် မောရှေက`သင်တို့သည်ညီအစ်ကိုချင်း ဖြစ်ပါလျက်နှင့် အဘယ်ကြောင့်ခိုက်ရန်ဖြစ် နေကြပါသနည်း' ဟုဆို၍ဖျန်ဖြေ၏။-
27. သို့ရာတွင်မတရားသဖြင့်ပြုသူသည် မောရှေအား ဘေးသို့တွန်းဖယ်လိုက်ပြီး လျှင်`ငါတို့အားတရားစီရင်အုပ်ချုပ်သူ အဖြစ်ဖြင့်သင့်ကိုမည်သူခန့်ထားသနည်း။-
28. ယမန်နေ့ကအီဂျစ်အမျိုးသားတစ်ယောက် ကိုသတ်ခဲ့သည်နည်းတူ ငါ့ကိုလည်းသတ်လို ပါသလော' ဟုမေး၏။-
29. မောရှေသည်ထိုစကားကိုကြားသောအခါ အီဂျစ်ပြည်မှထွက်ပြေး၍မိဒျန်ပြည်တွင် နေထိုင်လေသည်။ သူသည်ထိုပြည်တွင်သား နှစ်ယောက်ကိုရ၏။
30. ``အနှစ်လေးဆယ်ကြာသောအခါ သိနာတောင် အနီးတောကန္တာရတွင်မီးလျှံတောက်လျက်နေ သည့်ချုံထဲမှ ကောင်းကင်တမန်တစ်ပါးသည် မောရှေအားကိုယ်ထင်ပြလေသည်။-
31. ထိုအခြင်းအရာကိုမြင်လျှင်မောရှေသည် လွန်စွာအံ့သြသဖြင့် ကြည့်ရန်အနီးသို့ ချဉ်းကပ်လိုက်သောအခါ၊-
32. `ငါသည်သင့်ဘိုးဘေးများ၏ဘုရား၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ဘုရားဖြစ်၏' ဟုထာဝရ ဘုရား၏အသံတော်ကိုကြားရ၏။ မောရှေ သည်တုန်လှုပ်လျက်မကြည့်ဝံ့ဘဲနေ၏။-
33. ထာဝရဘုရားကမောရှေအား`သင်ခြေနင်းရာ အရပ်သည်သန့်ရှင်းမြင့်မြတ်သောမြေဖြစ်၏။ သင်၏ဖိနပ်ကိုချွတ်လော့။-
34. အီဂျစ်ပြည်ရှိငါ၏လူစုတော်နှိပ်စက်ညှဉ်းဆဲ ခြင်းခံရကြသည်ကိုငါမြင်ရပြီ။ သူတို့၏ ညည်းတွားမြည်တမ်းသံကိုလည်းငါကြား ရပြီ။ သို့ဖြစ်၍သူတို့အားကယ်တင်ရန်ငါ ဆင်းသက်ခဲ့ပြီ။ ယခုသွားလော့။ သင့်ကိုအီဂျစ် ပြည်သို့ငါစေလွှတ်မည်' ဟုမိန့်တော်မူ၏။''