တမန်တော်ဝတ္ထု 7:18-29 Common Language Bible (BCL)

18. ထို​အ​ခါ​အီ​ဂျစ်​ပြည်​တွင် ယော​သပ်​ကို​မ​သိ သော​ရှင်​ဘု​ရင်​တစ်​ပါး​ပေါ်​ထွန်း​လာ​၏။-

19. ထို​ဘု​ရင်​သည်​ငါ​တို့​ဘိုး​ဘေး​တို့​ကို​လှည့် စား​၍ သူ​တို့​အား​နှိပ်​စက်​ညှဉ်း​ဆဲ​၏။ သူ​တို့ ၏​က​လေး​သူ​ငယ်​များ​အား​သေ​စေ​ရန်​အိမ် ပြင်​တွင်​ပစ်​ထား​စေ​၏။-

20. ထို​အ​ချိန်​ကာ​လ​ကား​မော​ရှေ​ဖွား​မြင်​ရာ အ​ချိန်​ကာ​လ​ပင်​ဖြစ်​၏။ မော​ရှေ​သည်​လွန်​စွာ အ​ဆင်း​လှ​သော​က​လေး​သူ​ငယ်​ဖြစ်​၏။ သုံး လ​တိုင်​တိုင်​ဖ​ခင်​၏​အိမ်​တွင်​ပြု​စု​စောင့်​ရှောက် ခြင်း​ကို​ခံ​ခဲ့​ရ​၏။-

21. သူ​သည်​အိမ်​ပြင်​တွင်​ပစ်​ထား​ခြင်း​ခံ​ရ​သော အ​ခါ ဖာ​ရော​ဘု​ရင်​၏​သ​မီး​တော်​က​သူ့​အား သား​အ​ဖြစ်​မွေး​စား​လေ​သည်။-

22. မော​ရှေ​သည်​အီ​ဂျစ်​အ​မျိုး​သား​တို့​၏​အ​တတ် ပ​ညာ​အ​လုံး​စုံ​ကို​ဆည်း​ပူး​၍ နှ​လုံး​ရည်​လက် ရုံး​ရည်​တို့​ဖြင့်​ပြည့်​စုံ​သူ​ဖြစ်​လာ​၏။''

23. ``သူ​သည်​အ​သက်​လေး​ဆယ်​ရှိ​သော​အ​ခါ မိ​မိ ၏​သား​ချင်း​များ​ဖြစ်​သည့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ထံ​သို့​သွား​ရောက်​လည်​ပတ်​ရန်​စိတ်​ပိုင်း ဖြတ်​လေ​သည်။-

24. ယင်း​သို့​လည်​ပတ်​နေ​ချိန်​တွင်​ဣ​သ​ရေ​လ အ​မျိုး​သား​တစ်​ဦး​အား အီ​ဂျစ်​အ​မျိုး​သား တစ်​ယောက်​က​ရိုက်​နှက်​လျက်​နေ​သည်​ကို​မြင် လျှင် မိ​မိ​အ​မျိုး​သား​၏​ဘက်​မှ​ဝင်​ရောက် ကူ​ညီ​ကာ အီ​ဂျစ်​အ​မျိုး​သား​ကို​သတ်​၍ လက်​စား​ချေ​လိုက်​လေ​သည်။-

25. (မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ လွတ်​မြောက်​ရေး​အ​တွက် မိ​မိ​အား​ဘု​ရား သ​ခင်​စေ​လွှတ်​တော်​မူ​ခဲ့​ကြောင်း​ကို သူ​တို့ သိ​ရှိ​နား​လည်​ကြ​လိမ့်​မည်​ဟု​ထင်​မှတ်​ခဲ့ ၏။ သို့​ရာ​တွင်​ထို​သူ​တို့​သည်​နား​မ​လည် ကြ။)-

26. နောက်​တစ်​နေ့​၌​ဣ​သ​ရေ​လ​အ​မျိုး​သား နှစ်​ယောက်​ခိုက်​ရန်​ဖြစ်​လျက်​နေ​ကြ​သည်​ကို တွေ့​လျှင် မော​ရှေ​က`သင်​တို့​သည်​ညီ​အစ်​ကို​ချင်း ဖြစ်​ပါ​လျက်​နှင့် အ​ဘယ်​ကြောင့်​ခိုက်​ရန်​ဖြစ် နေ​ကြ​ပါ​သ​နည်း' ဟု​ဆို​၍​ဖျန်​ဖြေ​၏။-

27. သို့​ရာ​တွင်​မ​တ​ရား​သ​ဖြင့်​ပြု​သူ​သည် မော​ရှေ​အား ဘေး​သို့​တွန်း​ဖယ်​လိုက်​ပြီး လျှင်`ငါ​တို့​အား​တ​ရား​စီ​ရင်​အုပ်​ချုပ်​သူ အ​ဖြစ်​ဖြင့်​သင့်​ကို​မည်​သူ​ခန့်​ထား​သ​နည်း။-

28. ယ​မန်​နေ့​က​အီ​ဂျစ်​အ​မျိုး​သား​တစ်​ယောက် ကို​သတ်​ခဲ့​သည်​နည်း​တူ ငါ့​ကို​လည်း​သတ်​လို ပါ​သ​လော' ဟု​မေး​၏။-

29. မော​ရှေ​သည်​ထို​စ​ကား​ကို​ကြား​သော​အ​ခါ အီ​ဂျစ်​ပြည်​မှ​ထွက်​ပြေး​၍​မိ​ဒျန်​ပြည်​တွင် နေ​ထိုင်​လေ​သည်။ သူ​သည်​ထို​ပြည်​တွင်​သား နှစ်​ယောက်​ကို​ရ​၏။

တမန်တော်ဝတ္ထု 7