11. အီဂျစ်ပြည်နှင့်ခါနန်ပြည်တို့တွင် အစာငတ် မွတ်ခေါင်းပါးခြင်းဘေးဆိုက်ရောက်သဖြင့် အတိဒုက္ခရောက်ကြကုန်၏။ ငါတို့၏ဘိုး ဘေးတို့မှာအစာရေစာမရှိကြတော့ ချေ။-
12. သို့ရာတွင်အီဂျစ်ပြည်တွင်စပါးများရှိ ကြောင်းယာကုပ်ကြားသောအခါ မိမိ၏ သားများကိုထိုပြည်သို့ပထမအကြိမ် စေလွှတ်လိုက်၏။-
13. သူတို့ဒုတိယအကြိမ်လာရောက်ကြသော အခါ၌ ယောသပ်သည်မိမိမှာမည်သူမည်ဝါ ဖြစ်သည်ကိုအစ်ကိုဖြစ်သူတို့အားပြောပြ လေသည်။ ဖာရောဘုရင်သည်ယောသပ်၏ အိမ်ထောင်စုအကြောင်းကိုသိရှိလာ၏။-
14. ယောသပ်သည်ဖခင်ယာကုပ်နှင့်တကွစုစု ပေါင်း ခုနစ်ဆယ့်ငါးယောက်သောဆွေမျိုးသား ချင်းတို့ကို အီဂျစ်ပြည်သို့ဖိတ်ခေါ်လေသည်။-
15. ထို့ကြောင့်ယာကုပ်သည်အီဂျစ်ပြည်သို့လိုက် လာခဲ့၏။ ထိုပြည်တွင်သူနှင့်သူ၏သားများ သေလွန်ကြ၏။-
16. သူတို့၏အလောင်းများကိုရှေခင်မြို့သို့ပို့ ဆောင်ပြီးလျှင် အာဗြဟံဝယ်ယူထားခဲ့သည့် သင်္ချိုင်းတွင်သင်္ဂြိုဟ်ကြ၏။ ထိုသင်္ချိုင်းကားဟာ မော်၏သားများထံမှအာဗြဟံအဖိုးငွေ ပေး၍ဝယ်ယူထားသောသင်္ချိုင်းဖြစ်သတည်း။''