1. ယဇ်ပုရောဟိတ်မင်းက``ထိုသူတို့ပြော သောစကားမှန်ပါသလော'' ဟုမေး၏။-
2. သတေဖန်က``ညီအစ်ကိုများနှင့်ဖခင်တို့၊ နားထောင်ကြပါလော့။ ငါတို့အဖအာဗြဟံ သည်ခါရန်မြို့သို့သွား၍မနေထိုင်မီ မေသော ပေါတာမိပြည်တွင်ရှိစဉ် ဘုန်းအသရေနှင့် ပြည့်စုံတော်မူသောဘုရားသခင်အား ဗျာဒိတ်ရူပါရုံတွင်ဖူးမြင်ရလေသည်။-
3. ကိုယ်တော်က`သင်၏ပြည်နှင့်ဆွေမျိုးသားချင်း တို့ထံမှထွက်ခွာ၍ ငါပြလတ္တံ့သောပြည်သို့ သွားလော့' ဟုမိန့်တော်မူ၏။-
4. ထိုအခါအာဗြဟံသည်ခါလဒဲပြည်မှ ထွက်ခွာ၍ ခါရန်မြို့သို့သွားရောက်နေထိုင်၏။ သူ၏ဖခင်သေလွန်သောအခါသူ့အား ထို မြို့မှယခုသင်တို့နေထိုင်ရာပြည်သို့ဘုရား သခင်ပြောင်းရွှေ့စေတော်မူ၏။-