8. ပေတရုက``သင်တို့သည်လယ်ကိုအဖိုး ဤမျှဖြင့်ရောင်းပါသလော'' ဟုမေး၏။ထိုအမျိုးသမီးက ``မှန်ပါ၏။ ဤမျှဖြင့် ပင်ရောင်းပါသည်'' ဟုဆို၏။-
9. ပေတရုက ``သခင်ဘုရား၏ဝိညာဉ်တော် ကိုသွေးတိုးစမ်းရန် အဘယ်ကြောင့်သင်တို့ သဘောတူကြံစည်ကြသနည်း။ ကြည့်လော့။ သင်၏ခင်ပွန်းကိုသင်္ဂြိုဟ်ခဲ့သူတို့သည် ယခု တံခါးဝသို့ပြန်ရောက်ပြီ။ သူတို့သည်သင့် ကိုလည်းဆောင်ယူသွားကြလတ္တံ့' ဟုဆို၏။-
10. ချက်ချင်းပင်ထိုအမျိုးသမီးသည် ပေတရု ၏ခြေရင်းတွင်လဲကျသေဆုံးလေ၏။ လူ ငယ်လူရွယ်တို့ရောက်လာကြသောအခါ ထိုအမျိုးသမီးသေဆုံးနေသည်ကိုတွေ့ ရ၏။ ရုပ်အလောင်းကိုထုတ်ယူပြီးလျှင် ခင်ပွန်းဖြစ်သူ၏အနီးတွင်သင်္ဂြိုဟ်ကြ၏။-
11. အသင်းတော်တစ်သင်းလုံးနှင့်ထိုအဖြစ် အပျက်အကြောင်းကို ကြားကြသူအပေါင်း သည်လွန်စွာကြောက်လန့်ကြကုန်၏။
12. တမန်တော်တို့သည်လူတို့ရှေ့တွင်အံ့သြဖွယ် ရာအမှုအရာများနှင့် နိမိတ်လက္ခဏာများ ကိုပြကြ၏။ ယုံကြည်သူအပေါင်းတို့သည် ရှောလမုန်မုခ်တွင်စုဝေးကြ၏။-
13. လူတို့သည်ထိုသူတို့အားချီးကူးပြောဆို ကြသော်လည်း မည်သူတစ်စုံတစ်ယောက်မျှ သူတို့နှင့်မပေါင်းမသင်းဝံ့ကြ။-
14. သို့ရာတွင်သခင်ဘုရားကိုသက်ဝင်ယုံကြည် သူ အမျိုးသားအမျိုးသမီးအရေအတွက် သည်ပို၍ပို၍များလာ၏။-
15. လူတို့သည်သူနာများကိုယူဆောင်လာကြ ၏။ ပေတရုလျှောက်လာသောအခါယုတ်စွ အဆုံး၊ အချို့သောသူနာတို့အပေါ်သို့ ပေတရု၏အရိပ်လွှမ်းမိစေရန်အိပ်ရာ များ၊ ထမ်းစင်များဖြင့်သူနာများကိုလမ်း ပေါ်တွင်ချထားကြ၏။-
16. ထို့ပြင်ယေရုရှလင်မြို့ပတ်ဝန်းကျင်မြို့ရွာ များမှ လူပရိသတ်တို့သည်ဖျားနာသူများ၊ နတ်မိစ္ဆာပူးဝင်နေသူများကိုခေါ်ဆောင်လာ ကြ၏။ ထိုသူနာအပေါင်းသည်ရောဂါပျောက် ကင်းသွားကြ၏။