တမန်တော်ဝတ္ထု 5:7-11 Common Language Bible (BCL)

7. သုံး​နာ​ရီ​ခန့်​ကြာ​သော​အ​ခါ အာ​န​နိ​၏ ဇ​နီး​ရောက်​လာ​၏။ သို့​ရာ​တွင်​သူ​သည်​ဖြစ် ပျက်​ခဲ့​သည့်​အ​ချင်း​အ​ရာ​ကို​မ​သိ။-

8. ပေ​တ​ရု​က``သင်​တို့​သည်​လယ်​ကို​အ​ဖိုး ဤ​မျှ​ဖြင့်​ရောင်း​ပါ​သ​လော'' ဟု​မေး​၏။ထို​အ​မျိုး​သ​မီး​က ``မှန်​ပါ​၏။ ဤ​မျှ​ဖြင့် ပင်​ရောင်း​ပါ​သည်'' ဟု​ဆို​၏။-

9. ပေ​တ​ရု​က ``သ​ခင်​ဘု​ရား​၏​ဝိ​ညာဉ်​တော် ကို​သွေး​တိုး​စမ်း​ရန် အ​ဘယ်​ကြောင့်​သင်​တို့ သ​ဘော​တူ​ကြံ​စည်​ကြ​သ​နည်း။ ကြည့်​လော့။ သင်​၏​ခင်​ပွန်း​ကို​သင်္ဂြိုဟ်​ခဲ့​သူ​တို့​သည် ယ​ခု တံ​ခါး​ဝ​သို့​ပြန်​ရောက်​ပြီ။ သူ​တို့​သည်​သင့် ကို​လည်း​ဆောင်​ယူ​သွား​ကြ​လတ္တံ့' ဟု​ဆို​၏။-

10. ချက်​ချင်း​ပင်​ထို​အ​မျိုး​သ​မီး​သည် ပေ​တ​ရု ၏​ခြေ​ရင်း​တွင်​လဲ​ကျ​သေ​ဆုံး​လေ​၏။ လူ ငယ်​လူ​ရွယ်​တို့​ရောက်​လာ​ကြ​သော​အ​ခါ ထို​အ​မျိုး​သ​မီး​သေ​ဆုံး​နေ​သည်​ကို​တွေ့ ရ​၏။ ရုပ်​အ​လောင်း​ကို​ထုတ်​ယူ​ပြီး​လျှင် ခင်​ပွန်း​ဖြစ်​သူ​၏​အ​နီး​တွင်​သင်္ဂြိုဟ်​ကြ​၏။-

11. အ​သင်း​တော်​တစ်​သင်း​လုံး​နှင့်​ထို​အ​ဖြစ် အ​ပျက်​အ​ကြောင်း​ကို ကြား​ကြ​သူ​အ​ပေါင်း သည်​လွန်​စွာ​ကြောက်​လန့်​ကြ​ကုန်​၏။

တမန်တော်ဝတ္ထု 5