36. လွန်ခဲ့သောနှစ်အနည်းငယ်ကသုဒဆိုသူ သည် မိမိကိုယ်ကိုခေါင်းဆောင်ကြီးတစ်ဦးဟု ဆိုကာပေါ်ပေါက်ခဲ့၏။ သူသည်နောက်လိုက်လူ လေးရာခန့်ရရှိခဲ့၏။ သို့ရာတွင်သူအသတ် ခံရပြီးနောက် သူ၏နောက်လိုက်များသည်တစ် ကွဲတစ်ပြားဖြစ်လျက် သူဦးဆောင်ခဲ့သော လှုပ်ရှားမှုသည်လည်းပျောက်ပျက်သွား၏။-
37. ထိုနောက်သန်းခေါင်စာရင်းကောက်ချိန်၌ ဂါလိလဲပြည်သားယုဒဆိုသူပေါ်ပေါက် လာကာ လူတို့ကိုဆွဲဆောင်စည်းရုံးခဲ့၏။ သူ သည်လည်းသေကျေပျက်စီးရလျက် သူ၏ နောက်လိုက်အပေါင်းသည်ကွဲလွင့်သွားကြ ကုန်၏။-
38. သို့ဖြစ်၍ယခုသင်တို့အားငါဆိုသည်ကား ဤသူတို့ကိုအရေးမယူကြနှင့်။ သူတို့ ဘာသာနေပါစေ။-
39. သူတို့ကြံစည်ပြုလုပ်သောအမှုကိစ္စသည် လူမှဖြစ်ခဲ့သော်ထိုအကြံအစည်အမှု ကိစ္စသည်ပျက်ရမည်။ သို့ရာတွင်ဘုရား သခင်မှဖြစ်ပါမူ ထိုသူတို့ကိုမဖျက် နိုင်သည့်ပြင်ဘုရားသခင်အားသင်တို့ ဆန့်ကျင်ရာရောက်အံ့'' ဟုဆို၏။ယုဒတရားလွှတ်တော်အဖွဲ့ဝင်တို့သည် ဂါမလျေလ၏အကြံပေးချက်ကိုလက်ခံ ပြီးလျှင်၊-