တမန်တော်ဝတ္ထု 5:28-42 Common Language Bible (BCL)

28. သူ​က``ထို​နာ​မ​ကို​အ​မှီ​ပြု​၍​ဟော​ပြော​သွန် သင်​ခြင်း​မ​ပြု​ရန် သင်​တို့​အား​ငါ​တို့​ကျပ်​တည်း စွာ​အ​မိန့်​ပေး​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​သင်​တို့ သည်​ယေ​ရု​ရှ​လင်​မြို့​တစ်​မြို့​လုံး​တွင် အ​နှံ့ အ​ပြား​ဟော​ပြော​သွန်​သင်​ကြ​လေ​ပြီ။ ထို သူ​သေ​ရ​သည်​မှာ​ငါ​တို့​ကြောင့်​ဖြစ်​သည်​ဟူ ၍ သင်​တို့​အ​ပြစ်​တင်​လို​ကြ​သည်​တ​ကား'' ဟု​တ​မန်​တော်​တို့​အား​ပြော​ကြား​ကြ ၏။

29. ပေ​တ​ရု​နှင့်​တ​မန်​တော်​တို့​က``ငါ​တို့​သည် လူ့​အ​မိန့်​ထက်​ဘု​ရား​သ​ခင့်​အ​မိန့်​တော် ကို​နား​ထောင်​ရ​မည်။-

30. ငါ​တို့​ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​သည် သင် တို့​လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ​တင်​၍​သတ်​ခဲ့ သော​သ​ခင်​ယေ​ရှု​အား ရှင်​ပြန်​ထ​မြောက်​စေ တော်​မူ​ပြီ။-

31. ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​နောင်​တ​ရ ၍ မိ​မိ​တို့​အ​ပြစ်​များ​မှ​ပြေ​လွတ်​စိမ့်​သော​ငှာ ဘု​ရား​သ​ခင်​သည်​ထို​သ​ခင်​အား​မိ​မိ​၏ လက်​ယာ​တော်​ဘက်​တွင်​စံ​ပယ်​စေ​၍ ဦး​စီး ခေါင်း​ဆောင်​အ​ဖြစ်​နှင့်​ကယ်​တင်​ရှင်​အ​ဖြစ် ချီး​မြှင့်​တော်​မူ​၏။-

32. ဤ​အ​မှု​အ​ရာ​များ​နှင့်​ပတ်​သက်​၍ ငါ​တို့ သည်​အ​သိ​သက်​သေ​ဖြစ်​ကြ​၏။ ဘု​ရား​သ​ခင် ၏​အ​မိန့်​ကို​နာ​ခံ​သူ​တို့​အား​ချ​ပေး​တော်​မူ သည့်​ဆု​ကျေး​ဇူး​တည်း​ဟူ​သော ဝိ​ညာဉ်​တော် သည်​လည်း​အ​သိ​သက်​သေ​ဖြစ်​တော်​မူ​၏'' ဟု ပြန်​၍​ပြော​ကြား​ကြ​၏။

33. ဤ​စ​ကား​ကို​ကြား​ကြ​သော​အ​ခါ​တ​ရား လွှတ်​တော်​အ​ဖွဲ့​ဝင်​တို့​သည် ပြင်း​စွာ​အ​မျက် ထွက်​ကြ​သ​ဖြင့် တ​မန်​တော်​တို့​အား​သေ​ဒဏ် ပေး​ရန်​တိုင်​ပင်​ကြ​၏။-

34. သို့​ရာ​တွင်​ဂါ​မ​လျေ​လ​နာ​မည်​ရှိ​သော ဖာ​ရိ​ရှဲ​သည် တ​ရား​လွှတ်​တော်​တွင်​ထိုင်​ရာ မှ​ထ​၍ တ​မန်​တော်​တို့​အား​အ​ပြင်​သို့​ခေတ္တ ခေါ်​ထုတ်​သွား​ရန်​အ​မိန့်​ပေး​၏။ သူ​သည်​လူ အ​ပေါင်း​တို့​ရို​သေ​လေး​စား​သည့်​ကျမ်း​တတ် ဆ​ရာ​တစ်​ဦး​ဖြစ်​၏။-

35. ထို​သူ​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ဤ သူ​တို့​အား​သင်​တို့​ပြု​မည့်​အ​ရာ​ကို​သ​တိ နှင့်​ပြု​ကြ​လော့။-

36. လွန်​ခဲ့​သော​နှစ်​အ​နည်း​ငယ်​က​သု​ဒ​ဆို​သူ သည် မိ​မိ​ကိုယ်​ကို​ခေါင်း​ဆောင်​ကြီး​တစ်​ဦး​ဟု ဆို​ကာ​ပေါ်​ပေါက်​ခဲ့​၏။ သူ​သည်​နောက်​လိုက်​လူ လေး​ရာ​ခန့်​ရ​ရှိ​ခဲ့​၏။ သို့​ရာ​တွင်​သူ​အ​သတ် ခံ​ရ​ပြီး​နောက် သူ​၏​နောက်​လိုက်​များ​သည်​တစ် ကွဲ​တစ်​ပြား​ဖြစ်​လျက် သူ​ဦး​ဆောင်​ခဲ့​သော လှုပ်​ရှား​မှု​သည်​လည်း​ပျောက်​ပျက်​သွား​၏။-

37. ထို​နောက်​သန်း​ခေါင်​စာ​ရင်း​ကောက်​ချိန်​၌ ဂါ​လိ​လဲ​ပြည်​သား​ယု​ဒ​ဆို​သူ​ပေါ်​ပေါက် လာ​ကာ လူ​တို့​ကို​ဆွဲ​ဆောင်​စည်း​ရုံး​ခဲ့​၏။ သူ သည်​လည်း​သေ​ကျေ​ပျက်​စီး​ရ​လျက် သူ​၏ နောက်​လိုက်​အ​ပေါင်း​သည်​ကွဲ​လွင့်​သွား​ကြ ကုန်​၏။-

38. သို့​ဖြစ်​၍​ယ​ခု​သင်​တို့​အား​ငါ​ဆို​သည်​ကား ဤ​သူ​တို့​ကို​အ​ရေး​မ​ယူ​ကြ​နှင့်။ သူ​တို့ ဘာ​သာ​နေ​ပါ​စေ။-

39. သူ​တို့​ကြံ​စည်​ပြု​လုပ်​သော​အ​မှု​ကိစ္စ​သည် လူ​မှ​ဖြစ်​ခဲ့​သော်​ထို​အ​ကြံ​အ​စည်​အ​မှု ကိစ္စ​သည်​ပျက်​ရ​မည်။ သို့​ရာ​တွင်​ဘု​ရား သ​ခင်​မှ​ဖြစ်​ပါ​မူ ထို​သူ​တို့​ကို​မ​ဖျက် နိုင်​သည့်​ပြင်​ဘု​ရား​သ​ခင်​အား​သင်​တို့ ဆန့်​ကျင်​ရာ​ရောက်​အံ့'' ဟု​ဆို​၏။ယု​ဒ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​တို့​သည် ဂါ​မ​လျေ​လ​၏​အ​ကြံ​ပေး​ချက်​ကို​လက်​ခံ ပြီး​လျှင်၊-

40. တ​မန်​တော်​တို့​ကို​ခေါ်​ယူ​ကြ​၏။ ထို​နောက်​သူ တို့​အား​ကြိမ်​ဒဏ်​ခတ်​ကာ``ယေ​ရှု​၏​နာ​မ​ကို အ​မှီ​ပြု​၍ ဟော​ပြော​သွန်​သင်​ခြင်း​ကို​နောက် တစ်​ဖန်​မ​ပြု​ရ'' ဟု​အ​မိန့်​ပေး​ပြီး​နောက် လွှတ်​လိုက်​ကြ​၏။-

41. တ​မန်​တော်​တို့​သည်​မိ​မိ​တို့​အား​သ​ခင်​ယေ​ရှု အ​တွက် အ​သ​ရေ​ပျက်​ခြင်း​ကို​ခံ​ထိုက်​သူ​များ အ​ဖြစ်​ဖြင့် ဘု​ရား​သ​ခင်​မှတ်​တော်​မူ​သော​ကြောင့် ဝမ်း​မြောက်​စွာ​ယု​ဒ​တ​ရား​လွှတ်​တော်​မှ​ထွက် သွား​ကြ​၏။-

42. နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​တွင်​လည်း​ကောင်း၊ အိမ်​များ​တွင်​လည်း​ကောင်း​သ​ခင်​ယေ​ရှု​သည် မေ​ရှိ​ယ​ဖြစ်​တော်​မူ​ကြောင်း​ကို​ဆက်​လက်​၍ ဟော​ပြော​သွန်​သင်​ကြ​၏။

တမန်တော်ဝတ္ထု 5