တမန်တော်ဝတ္ထု 5:26-29 Common Language Bible (BCL)

26. ထို​အ​ခါ​ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​သည် မိ​မိ​၏​တပ်​သား​များ​နှင့်​သွား​ရောက်​၍ တ​မန် တော်​တို့​ကို​ခေါ်​ဆောင်​ခဲ့​၏။ သို့​ရာ​တွင်​မိ​မိ တို့​အား​လူ​ထု​က​ခဲ​နှင့်​ပေါက်​မည်​ကို​စိုး​ရိမ် သ​ဖြင့် တ​မန်​တော်​တို့​အား​အ​ကြမ်း​ဖက်​မှု ကို​မ​ပြု​ကြ။

27. ဤ​သို့​တ​မန်​တော်​တို့​ကို​ခေါ်​ဆောင်​လာ​ပြီး လျှင် တ​ရား​လွှတ်​တော်​အ​ဖွဲ့​၏​ရှေ့​တွင်​ရပ်​စေ ၏။ ယဇ်​ပု​ရော​ဟိတ်​မင်း​သည်​တ​မန်​တော်​တို့ ကို​စစ်​ဆေး​မေး​မြန်း​၏။-

28. သူ​က``ထို​နာ​မ​ကို​အ​မှီ​ပြု​၍​ဟော​ပြော​သွန် သင်​ခြင်း​မ​ပြု​ရန် သင်​တို့​အား​ငါ​တို့​ကျပ်​တည်း စွာ​အ​မိန့်​ပေး​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​သင်​တို့ သည်​ယေ​ရု​ရှ​လင်​မြို့​တစ်​မြို့​လုံး​တွင် အ​နှံ့ အ​ပြား​ဟော​ပြော​သွန်​သင်​ကြ​လေ​ပြီ။ ထို သူ​သေ​ရ​သည်​မှာ​ငါ​တို့​ကြောင့်​ဖြစ်​သည်​ဟူ ၍ သင်​တို့​အ​ပြစ်​တင်​လို​ကြ​သည်​တ​ကား'' ဟု​တ​မန်​တော်​တို့​အား​ပြော​ကြား​ကြ ၏။

29. ပေ​တ​ရု​နှင့်​တ​မန်​တော်​တို့​က``ငါ​တို့​သည် လူ့​အ​မိန့်​ထက်​ဘု​ရား​သ​ခင့်​အ​မိန့်​တော် ကို​နား​ထောင်​ရ​မည်။-

တမန်တော်ဝတ္ထု 5