20. ``သင်တို့သည်ဗိမာန်တော်သို့သွား၍ လူတို့ အားဘဝသစ်အကြောင်းအလုံးစုံကို ဟောပြောကြလော့'' ဟုဆို၏။-
21. တမန်တော်တို့သည်ကောင်းကင်တမန်၏စကား ကိုနာခံ၍ အရုဏ်တက်ချိန်၌ဗိမာန်တော်ထဲ သို့ဝင်၍ဟောပြောသွန်သင်ကြ၏။ယဇ်ပုရောဟိတ်မင်းနှင့်သူ၏အပေါင်းဖော်တို့ သည် တရားလွှတ်တော်အစည်းအဝေးကိုပြု လုပ်ရန် အဖွဲ့ဝင်အပေါင်းတို့ကိုစုဝေးစေ၏။ ထိုနောက်တမန်တော်တို့ကိုခေါ်ဆောင်ခဲ့ရန် အမိန့်ပေး၍ လွှတ်တော်ရဲများကိုအကျဉ်း ထောင်သို့စေလွှတ်ကြ၏။-
22. ထိုသူတို့သည်အကျဉ်းထောင်သို့ရောက်သော အခါ တမန်တော်တို့ကိုမတွေ့ရကြ။ သို့ဖြစ် ၍တရားလွှတ်တော်အဖွဲ့ဝင်တို့ထံသို့ပြန် လာပြီးလျှင်၊-
23. ``အကျဉ်းထောင်တံခါးသည်သေချာစွာပိတ် လျက်ရှိသည်ကိုလည်းကောင်း၊ ထောင်စောင့်တို့ သည်လည်းတံခါးပြင်တွင်ရပ်လျက်ရှိသည် ကိုလည်းကောင်း အကျွန်ုပ်တို့တွေ့ပါ၏။ သို့ရာ တွင်တံခါးကိုဖွင့်လိုက်သောအခါ အတွင်း တွင်မည်သူ့ကိုမျှမတွေ့ရပါ'' ဟုလျှောက် ထားကြ၏။-
24. ထိုစကားကိုကြားလျှင်ဗိမာန်တော်အစောင့် တပ်မှူးနှင့်ယဇ်ပုရောဟိတ်ကြီးတို့သည် ``ဤ အမှုကားအဘယ်သို့ဖြစ်ပါလိမ့်မည်နည်း'' ဟုတွေးတောကြ၏။-
25. ထိုအခါလူတစ်ယောက်ရောက်ရှိလာ၍ ``အရှင် တို့အကျဉ်းချထားခဲ့သောသူများသည် ဗိမာန် တော်ထဲတွင်ရပ်လျက်လူတို့အားဟောပြော သွန်သင်နေပါသည်'' ဟုလျှောက်၏။-
26. ထိုအခါဗိမာန်တော်အစောင့်တပ်မှူးသည် မိမိ၏တပ်သားများနှင့်သွားရောက်၍ တမန် တော်တို့ကိုခေါ်ဆောင်ခဲ့၏။ သို့ရာတွင်မိမိ တို့အားလူထုကခဲနှင့်ပေါက်မည်ကိုစိုးရိမ် သဖြင့် တမန်တော်တို့အားအကြမ်းဖက်မှု ကိုမပြုကြ။
27. ဤသို့တမန်တော်တို့ကိုခေါ်ဆောင်လာပြီး လျှင် တရားလွှတ်တော်အဖွဲ့၏ရှေ့တွင်ရပ်စေ ၏။ ယဇ်ပုရောဟိတ်မင်းသည်တမန်တော်တို့ ကိုစစ်ဆေးမေးမြန်း၏။-
28. သူက``ထိုနာမကိုအမှီပြု၍ဟောပြောသွန် သင်ခြင်းမပြုရန် သင်တို့အားငါတို့ကျပ်တည်း စွာအမိန့်ပေးခဲ့၏။ သို့ရာတွင်ယခုသင်တို့ သည်ယေရုရှလင်မြို့တစ်မြို့လုံးတွင် အနှံ့ အပြားဟောပြောသွန်သင်ကြလေပြီ။ ထို သူသေရသည်မှာငါတို့ကြောင့်ဖြစ်သည်ဟူ ၍ သင်တို့အပြစ်တင်လိုကြသည်တကား'' ဟုတမန်တော်တို့အားပြောကြားကြ ၏။
29. ပေတရုနှင့်တမန်တော်တို့က``ငါတို့သည် လူ့အမိန့်ထက်ဘုရားသခင့်အမိန့်တော် ကိုနားထောင်ရမည်။-