တမန်တော်ဝတ္ထု 5:20-23 Common Language Bible (BCL)

20. ``သင်​တို့​သည်​ဗိ​မာန်​တော်​သို့​သွား​၍ လူ​တို့ အား​ဘ​ဝ​သစ်​အ​ကြောင်း​အ​လုံး​စုံ​ကို ဟော​ပြော​ကြ​လော့'' ဟု​ဆို​၏။-

21. တ​မန်​တော်​တို့​သည်​ကောင်း​ကင်​တ​မန်​၏​စ​ကား ကို​နာ​ခံ​၍ အ​ရုဏ်​တက်​ချိန်​၌​ဗိ​မာန်​တော်​ထဲ သို့​ဝင်​၍​ဟော​ပြော​သွန်​သင်​ကြ​၏။ယဇ်​ပု​ရော​ဟိတ်​မင်း​နှင့်​သူ​၏​အ​ပေါင်း​ဖော်​တို့ သည် တ​ရား​လွှတ်​တော်​အ​စည်း​အ​ဝေး​ကို​ပြု လုပ်​ရန် အ​ဖွဲ့​ဝင်​အ​ပေါင်း​တို့​ကို​စု​ဝေး​စေ​၏။ ထို​နောက်​တ​မန်​တော်​တို့​ကို​ခေါ်​ဆောင်​ခဲ့​ရန် အ​မိန့်​ပေး​၍ လွှတ်​တော်​ရဲ​များ​ကို​အ​ကျဉ်း ထောင်​သို့​စေ​လွှတ်​ကြ​၏။-

22. ထို​သူ​တို့​သည်​အ​ကျဉ်း​ထောင်​သို့​ရောက်​သော အ​ခါ တ​မန်​တော်​တို့​ကို​မ​တွေ့​ရ​ကြ။ သို့​ဖြစ် ၍​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​တို့​ထံ​သို့​ပြန် လာ​ပြီး​လျှင်၊-

23. ``အ​ကျဉ်း​ထောင်​တံ​ခါး​သည်​သေ​ချာ​စွာ​ပိတ် လျက်​ရှိ​သည်​ကို​လည်း​ကောင်း၊ ထောင်​စောင့်​တို့ သည်​လည်း​တံ​ခါး​ပြင်​တွင်​ရပ်​လျက်​ရှိ​သည် ကို​လည်း​ကောင်း အ​ကျွန်ုပ်​တို့​တွေ့​ပါ​၏။ သို့​ရာ တွင်​တံ​ခါး​ကို​ဖွင့်​လိုက်​သော​အ​ခါ အ​တွင်း တွင်​မည်​သူ့​ကို​မျှ​မ​တွေ့​ရ​ပါ'' ဟု​လျှောက် ထား​ကြ​၏။-

တမန်တော်ဝတ္ထု 5