15. လူတို့သည်သူနာများကိုယူဆောင်လာကြ ၏။ ပေတရုလျှောက်လာသောအခါယုတ်စွ အဆုံး၊ အချို့သောသူနာတို့အပေါ်သို့ ပေတရု၏အရိပ်လွှမ်းမိစေရန်အိပ်ရာ များ၊ ထမ်းစင်များဖြင့်သူနာများကိုလမ်း ပေါ်တွင်ချထားကြ၏။-
16. ထို့ပြင်ယေရုရှလင်မြို့ပတ်ဝန်းကျင်မြို့ရွာ များမှ လူပရိသတ်တို့သည်ဖျားနာသူများ၊ နတ်မိစ္ဆာပူးဝင်နေသူများကိုခေါ်ဆောင်လာ ကြ၏။ ထိုသူနာအပေါင်းသည်ရောဂါပျောက် ကင်းသွားကြ၏။
17. ထိုအခါယဇ်ပုရောဟိတ်မင်းနှင့်သူ၏နောက် လိုက်များဖြစ်သော ဒေသဆိုင်ရာဇဒ္ဒုကဲဂိုဏ်း ဝင်များသည် တမန်တော်တို့ကိုလွန်စွာမနာ လိုဝန်တိုစိတ်ရှိလာကြသဖြင့် သူတို့ကို အရေးယူရန်ဆုံးဖြတ်ကြ၏။-
18. သူတို့သည်တမန်တော်တို့ကိုဖမ်းဆီးပြီး လျှင် ထောင်တွင်အကျဉ်းချထားကြ၏။-
19. သို့သော်ညအခါ၌သခင်ဘုရား၏ ကောင်းကင်တမန်သည် ထောင်တံခါးများ ကိုဖွင့်၍ တမန်တော်တို့ကိုအပြင်သို့ ခေါ်ထုတ်ပြီးလျှင်၊-
20. ``သင်တို့သည်ဗိမာန်တော်သို့သွား၍ လူတို့ အားဘဝသစ်အကြောင်းအလုံးစုံကို ဟောပြောကြလော့'' ဟုဆို၏။-
21. တမန်တော်တို့သည်ကောင်းကင်တမန်၏စကား ကိုနာခံ၍ အရုဏ်တက်ချိန်၌ဗိမာန်တော်ထဲ သို့ဝင်၍ဟောပြောသွန်သင်ကြ၏။ယဇ်ပုရောဟိတ်မင်းနှင့်သူ၏အပေါင်းဖော်တို့ သည် တရားလွှတ်တော်အစည်းအဝေးကိုပြု လုပ်ရန် အဖွဲ့ဝင်အပေါင်းတို့ကိုစုဝေးစေ၏။ ထိုနောက်တမန်တော်တို့ကိုခေါ်ဆောင်ခဲ့ရန် အမိန့်ပေး၍ လွှတ်တော်ရဲများကိုအကျဉ်း ထောင်သို့စေလွှတ်ကြ၏။-
22. ထိုသူတို့သည်အကျဉ်းထောင်သို့ရောက်သော အခါ တမန်တော်တို့ကိုမတွေ့ရကြ။ သို့ဖြစ် ၍တရားလွှတ်တော်အဖွဲ့ဝင်တို့ထံသို့ပြန် လာပြီးလျှင်၊-
23. ``အကျဉ်းထောင်တံခါးသည်သေချာစွာပိတ် လျက်ရှိသည်ကိုလည်းကောင်း၊ ထောင်စောင့်တို့ သည်လည်းတံခါးပြင်တွင်ရပ်လျက်ရှိသည် ကိုလည်းကောင်း အကျွန်ုပ်တို့တွေ့ပါ၏။ သို့ရာ တွင်တံခါးကိုဖွင့်လိုက်သောအခါ အတွင်း တွင်မည်သူ့ကိုမျှမတွေ့ရပါ'' ဟုလျှောက် ထားကြ၏။-
24. ထိုစကားကိုကြားလျှင်ဗိမာန်တော်အစောင့် တပ်မှူးနှင့်ယဇ်ပုရောဟိတ်ကြီးတို့သည် ``ဤ အမှုကားအဘယ်သို့ဖြစ်ပါလိမ့်မည်နည်း'' ဟုတွေးတောကြ၏။-