တမန်တော်ဝတ္ထု 4:15-29 Common Language Bible (BCL)

15. သို့​ဖြစ်​၍​တ​မန်​တော်​တို့​ကို​တ​ရား​လွှတ် တော်​ထဲ​မှ​ခေတ္တ​ထွက်​ခွာ​သွား​စေ​ပြီး​လျှင် ဤ​သို့​တိုင်​ပင်​ကြ​၏။-

16. ``ဤ​သူ​တို့​အား​အ​သို့​ပြု​အံ့​နည်း။ သူ​တို့​အား ဖြင့်​ထူး​ခြား​သော​နိ​မိတ်​လက္ခ​ဏာ​တစ်​ရပ်​ဖြစ် ပေါ်​ခဲ့​သည်​ကို ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား အ​ပေါင်း​တို့​ကောင်း​စွာ​သိ​ကြ​၏။ ငါ​တို့​ငြင်း ဆို​၍​လည်း​မ​ရ​နိုင်။-

17. သို့​သော်​လူ​တို့​အ​ထဲ​တွင်​ဤ​သ​တင်း​ပို​၍ ပျံ့​မ​သွား​စေ​ရန် ထို​သူ​နှစ်​ဦး​အား​ယေ​ရှု​၏ နာ​မ​ကို​အ​မှီ​ပြု​၍ နောက်​တစ်​ဖန်​မည်​သူ​ကို မျှ​မ​ဟော​မ​ပြော​ရန်​ကျပ်​တည်း​စွာ​သ​တိ ပေး​ကြ​ကုန်​အံ့။''

18. ထို​နောက်​တ​မန်​တော်​တို့​ကို​ပြန်​လည်​ခေါ်​ယူ ကာ သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ နောက်​တစ်​ဖန်​ဟော​ပြော​သွန်​သင်​ခြင်း​လုံး​ဝ မ​ပြု​ရန်​အ​မိန့်​ပေး​ကြ​၏။-

19. သို့​ရာ​တွင်​ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​က``ငါ တို့​သည်​ဘု​ရား​သ​ခင်​၏​စ​ကား​ကို​နား ထောင်​ရ​မည်​လော။ သို့​မ​ဟုတ်​သင်​တို့​၏​စ​ကား ကို​နား​ထောင်​ရ​မည်​လော။ ဘု​ရား​သ​ခင်​၏ ရှေ့​တော်​တွင်​အ​ဘယ်​သူ​၏​စ​ကား​ကို​နား ထောင်​သင့်​ကြောင်း သင်​တို့​ကိုယ်​တိုင်​ပင်​အ​ဆုံး အ​ဖြတ်​ပေး​ကြ​လော့။-

20. ငါ​တို့​မူ​ကား​မိ​မိ​တို့​ကြား​ရ​မြင်​ရ​သည့် အ​မှု​အ​ရာ​များ​အ​ကြောင်း​ကို​မ​ဟော​မ ပြော​ဘဲ​မ​နေ​နိုင်​ပါ'' ဟု​ပြန်​ပြော​ကြ​၏။-

21. ထို​အ​ခါ​တ​ရား​လွှတ်​တော်​အ​ဖွဲ့​ဝင်​တို့​သည် သူ​တို့​ကို​ထပ်​မံ​ကျပ်​တည်း​စွာ​သ​တိ​ပေး​ပြီး နောက်​ထွက်​ခွာ​သွား​စေ​ကြ​၏။ လူ​အ​ပေါင်း တို့​သည်​ဖြစ်​ပျက်​ခဲ့​သည့်​အ​မှု​အ​ရာ​ကြောင့် ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို ချီး​ကူး​လျက်​နေ​ကြ​သ​ဖြင့် တ​ရား​လွှတ် တော်​အ​ဖွဲ့​ဝင်​တို့​သည်​တ​မန်​တော်​တို့​ကို မည်​သို့​မျှ​အ​ပြစ်​ဒဏ်​မ​စီ​ရင်​နိုင်​ကြ။-

22. အံ့​သြ​ဖွယ်​ကောင်း​အောင်​ရော​ဂါ​ပျောက်​ကင်း သွား​သူ​ကား အ​သက်​လေး​ဆယ်​ကျော်​ရှိ သ​တည်း။

23. ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​သည်​လွတ်​မြောက်​လာ ကြ​သော​အ​ခါ မိ​မိ​တို့​၏​လူ​စု​ထံ​သို့​ပြန်​ပြီး လျှင် ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ဘာ​သာ​ရေး ခေါင်း​ဆောင်​များ​ပြော​ကြား​လိုက်​သ​မျှ​တို့ ကို​ပြန်​ပြော​ကြ​၏။-

24. ထို​အ​ကြောင်း​ကို​ကြား​ကြ​သော​အ​ခါ ထို​သူ တို့​သည်​တ​ညီ​တ​ညွတ်​တည်း​ဆု​တောင်း​ကြ​၏။ ``အ​စိုး​ရ​တော်​မူ​သော​အ​ရှင်၊ ကိုယ်​တော်​ရှင် သည်​ကောင်း​ကင်​မြေ​ကြီး၊ သ​မုဒ္ဒ​ရာ​နှင့်​ထို အ​ရပ်​များ​တွင်​ရှိ​သ​မျှ​တို့​ကို​ဖန်​ဆင်း တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။-

25. ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​အ​စေ​ခံ၊ အ​ကျွန်ုပ် တို့​၏​ဘိုး​ဘေး​ဒါ​ဝိဒ်​မင်း​မှ​တစ်​ဆင့်​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​အား​ဖြင့်၊`လူ​မျိုး​ခြား​တို့​သည်​အ​ဘယ်​ကြောင့် ရုန်း​ရင်း​ဆန်​ခတ်​ပြု​ကြ​သ​နည်း။လူ​မျိုး​တ​ကာ​တို့​သည်​အ​ဘယ်​ကြောင့်​အ​ကျိုး​မဲ့ လျှို့​ဝှက်​ကြံ​စည်​ကြ​သ​နည်း။

26. လော​ကီ​ဘု​ရင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ကို ပုန်​ကန်​ရန်​အ​သင့်​ပြင်​ဆင်​ကြ​၏။ကိုယ်​တော်​နှင့်​ကိုယ်​တော်​စေ​လွှတ်​တော်​မူ​သောမေ​ရှိ​ယ​အ​ရှင်​အား​ဆန့်​ကျင်​ဘက်​ပြု​ရန် စု​ဝေး​ကြ​၏'ဟု​မိန့်​တော်​မူ​ခဲ့​ပါ​၏။

27. ထို​နည်း​တူ​စွာ​ဟေ​ရုဒ်​မင်း​နှင့်​ပုန္တိ​ပိ​လတ် မင်း​တို့​သည် လူ​မျိုး​ခြား​များ၊ ဣ​သ​ရေ​လ အ​မျိုး​သား​များ​နှင့်​တ​ကွ ကိုယ်​တော်​၏​သန့်​ရှင်း မြင့်​မြတ်​သော​အ​စေ​ခံ​ဖြစ်​သူ၊ မေ​ရှိ​ယ​အ​ဖြစ် ကိုယ်​တော်​ဘိ​သိက်​ပေး​သူ သ​ခင်​ယေ​ရှု​ကို ဆန့်​ကျင်​ဘက်​ပြု​ရန်​ဤ​မြို့​ထဲ​တွင်​စု​ဝေး ခဲ့​ကြ​ပါ​၏။-

28. ယင်း​သို့​ထို​သူ​တို့​စု​ဝေး​ကြ​ခြင်း​မှာ​ကိုယ်​တော် ရှင်​၏​တန်​ခိုး​တော်​နှင့် အ​လို​တော်​အ​ရ​ခွဲ​ခန့် ပြ​ဋ္ဌာန်း​ထား​တော်​မူ​သ​မျှ​သော​အ​ရာ​တို့​ကို ဖြစ်​ပျက်​လာ​စေ​ရန်​ပင်​ဖြစ်​၏။-

29. အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​အ​ခါ​ထို​သူ​တို့​၏ ခြိမ်း​ခြောက်​ခြင်း​ကို​ရှု​မှတ်​တော်​မူ​ပါ။ ကိုယ်​တော် ရှင်​၏​အ​စေ​ခံ​တို့​အား​အ​ရှင့်​တ​ရား​တော်​ကို ရဲ​ရင့်​စွာ​ဟော​ပြော​နိုင်​ခွင့်​ကို​ပေး​သ​နား​တော် မူ​ပါ။-

တမန်တော်ဝတ္ထု 4