3. သူသည်ပေတရုနှင့်ယောဟန်တို့ဗိမာန်တော် ထဲသို့ဝင်မည်ပြုသည်ကိုမြင်လျှင် ကြေးငွေ တစ်စုံတစ်ရာပေးကမ်းစွန့်ကြဲရန်တောင်း ခံလေ၏။-
4. ထိုသူနှစ်ယောက်သည်သူ့ကိုစေ့စေ့ကြည့် ကြ၏။ ထိုနောက်ပေတရုက``ငါတို့ကို ကြည့်လော့'' ဟုဆို၏။-
5. ထိုအခါသူသည်တမန်တော်တို့ထံမှ ကြေးငွေတစ်စုံတစ်ရာရရှိမည်အထင် နှင့်သူတို့ကိုအာရုံစိုက်၍ကြည့်လေ၏။-
6. သို့ရာတွင်ပေတရုက``ငါ့မှာရွှေငွေမရှိ။ သို့သော်ရှိသည့်အရာကိုသင့်အားငါပေး မည်။ နာဇရက်မြို့သားယေရှု၏နာမတော် အားဖြင့်ထ၍လှမ်းသွားလော့'' ဟုဆို၏။-
7. ထိုနောက်သူ၏လက်ယာဘက်ကိုဆွဲကိုင်ထူမ လိုက်၏။ ထိုခဏ၌သူ၏ခြေနှင့်ခြေဖဝါး များသည်သန်မာလာသဖြင့်၊-
8. သူသည်ခုန်ပေါက်ကာဘုရားသခင်၏ဂုဏ် တော်ကိုချီးကူးလျက်ဗိမာန်တော်ထဲသို့ လိုက်သွား၏။-