2. တင့်တယ်ဟုခေါ်သောတံခါးအနီးတွင်ဝမ်း တွင်းပါခြေမစွမ်းမသန်သူလူတစ်ယောက် ထိုင်လျက်ရှိ၏။ ဗိမာန်တော်ထဲသို့လာကြ သောသူများထံမှကြေးငွေတောင်းခံနိုင်ရန် နေ့စဉ်နေ့တိုင်းထိုသူကိုတံခါးအနီးတွင် ချထားလေ့ရှိကြ၏။-
3. သူသည်ပေတရုနှင့်ယောဟန်တို့ဗိမာန်တော် ထဲသို့ဝင်မည်ပြုသည်ကိုမြင်လျှင် ကြေးငွေ တစ်စုံတစ်ရာပေးကမ်းစွန့်ကြဲရန်တောင်း ခံလေ၏။-
4. ထိုသူနှစ်ယောက်သည်သူ့ကိုစေ့စေ့ကြည့် ကြ၏။ ထိုနောက်ပေတရုက``ငါတို့ကို ကြည့်လော့'' ဟုဆို၏။-
5. ထိုအခါသူသည်တမန်တော်တို့ထံမှ ကြေးငွေတစ်စုံတစ်ရာရရှိမည်အထင် နှင့်သူတို့ကိုအာရုံစိုက်၍ကြည့်လေ၏။-
6. သို့ရာတွင်ပေတရုက``ငါ့မှာရွှေငွေမရှိ။ သို့သော်ရှိသည့်အရာကိုသင့်အားငါပေး မည်။ နာဇရက်မြို့သားယေရှု၏နာမတော် အားဖြင့်ထ၍လှမ်းသွားလော့'' ဟုဆို၏။-
7. ထိုနောက်သူ၏လက်ယာဘက်ကိုဆွဲကိုင်ထူမ လိုက်၏။ ထိုခဏ၌သူ၏ခြေနှင့်ခြေဖဝါး များသည်သန်မာလာသဖြင့်၊-
8. သူသည်ခုန်ပေါက်ကာဘုရားသခင်၏ဂုဏ် တော်ကိုချီးကူးလျက်ဗိမာန်တော်ထဲသို့ လိုက်သွား၏။-
9. ထိုသူဤသို့ဘုရားသခင်၏ဂုဏ်တော် ကိုချီးကူးလျက် လှမ်းသွားသည်ကိုလူ အပေါင်းတို့တွေ့မြင်ကြ၏။-
10. ထိုသူသည်ဗိမာန်တော်တင့်တယ်တံခါးဝ တွင် ထိုင်နေလေ့ရှိသည့်သူတောင်းစားဖြစ် ကြောင်းကိုမှတ်မိကြသဖြင့် သူတို့သည် ထိုသူ၌ဖြစ်ပျက်သည့်အမှုအရာကို များစွာအံ့သြမိန်းမောကြ၏။
11. ထိုသူသည်ပေတရုနှင့်ယောဟန်တို့ကိုတွယ် ကပ်လျက်နေစဉ် လူအပေါင်းတို့သည်များစွာ အံ့သြလျက် ပေတရုတို့ရှိရာရှောလမုန်ဟု နာမည်တွင်သောမုခ်ဆောင်သို့ပြေး၍လာ ကြ၏။-
12. ပေတရုသည်လူတို့ကိုမြင်လျှင်``ဣသရေလ အမျိုးသားတို့၊ အဘယ်ကြောင့်ငါတို့ကိုစူး စိုက်၍ကြည့်နေကြသနည်း။ ငါတို့၏တန်ခိုး၊ ငါတို့၏အကျင့်သီလအားဖြင့် ဤသူကို လမ်းလျှောက်စေနိုင်သည်ဟုထင်မှတ်ကြသလော။-
13. အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ဘုရား၊ ငါတို့ ဘိုးဘေးများ၏ဘုရားသည်ဤအမှုအရာ အားဖြင့် မိမိ၏အစေခံယေရှုကိုဘုန်းအသ ရေထွန်းတောက်စေတော်မူပြီ။ သင်တို့သည်ထို အရှင်ကိုရန်သူ့လက်သို့အပ်နှံ၍ ပိလတ်မင်း ၏ရှေ့တော်တွင်ပစ်ပယ်ခဲ့ကြ၏။ ပိလတ်မင်း သည်ထိုအရှင်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေး ရန်ဆုံးဖြတ်သော်လည်း၊-
14. သင်တို့ကမူသန့်ရှင်းကောင်းမြတ်တော်မူသော အရှင်ကိုပစ်ပယ်ခဲ့ကြ၏။ သင်တို့သည်လူ သတ်သမားအားလွတ်ငြိမ်းချမ်းသာခွင့်ပေး ရန်တောင်းခံပြီးလျှင်၊-
15. အသက်ပိုင်ရှင်ကိုမူသတ်ဖြတ်စေခဲ့ကြ၏။ သို့သော်လည်းဘုရားသခင်သည် ထိုအရှင် ကိုသေခြင်းမှရှင်ပြန်ထမြောက်စေတော်မူ ကြောင်းကို ငါတို့ကိုယ်တိုင်တွေ့မြင်ခဲ့ကြ၏။-
16. ထိုအရှင်၏နာမတော်တန်ခိုးအားဖြင့် ဤ ခြေမစွမ်းမသန်သူသည်စွမ်းသန်၍လာ၏။ ထိုအရှင်၏နာမတော်ကိုယုံကြည်ခြင်း အားဖြင့် ယခုသင်တို့တွေ့မြင်ကြရသည့် အမှုအရာသည်ဖြစ်ပွားခဲ့၏။ သင်တို့တွေ့ မြင်သည့်အတိုင်းသခင်ယေရှုကိုယုံကြည် ခြင်းကသာလျှင် ထိုသူအားကျန်းမာလာ စေခြင်းဖြစ်၏။''
17. ``ညီအစ်ကိုတို့၊ သင်တို့သည်မိမိတို့၏ခေါင်း ဆောင်များနည်းတူ မိမိတို့ပြုသောအမှုကို မသိနားမလည်ဘဲပြုကြကြောင်းကိုငါ သိ၏။-
18. မေရှိယသည်အသေခံတော်မူရမည်ဖြစ် ကြောင်း ပရောဖက်အပေါင်းတို့အားဖြင့်၊ ဘုရား သခင်ဗျာဒိတ်ထားတော်မူခဲ့၏။ ဤသို့ဖြစ် ပျက်ရခြင်းကားထိုဗျာဒိတ်တော်ကိုအကောင် အထည်ဖော်ခြင်းပင်တည်း။-
19. သို့ဖြစ်၍ဘုရားသခင်သည်သင်တို့၏အပြစ် များကိုဖြေလွှတ်တော်မူစေရန် နောင်တရ၍ ပြောင်းလဲကြလော့။ သို့မှသာ၊-