19. သို့ဖြစ်၍ဘုရားသခင်သည်သင်တို့၏အပြစ် များကိုဖြေလွှတ်တော်မူစေရန် နောင်တရ၍ ပြောင်းလဲကြလော့။ သို့မှသာ၊-
20. ထာဝရဘုရားထံတော်မှဝိညာဉ်ခွန်အား သက်ရောက်ရာအချိန်ကာလရောက်လာလျက် သင်တို့အဖို့ရွေးချယ်ခန့်ထားတော်မူသော မေရှိယအရှင်တည်းဟူသောသခင်ယေရှု ကို သင်တို့ထံသို့စေလွှတ်တော်မူလိမ့်မည်။-
21. ရှေးသန့်ရှင်းမြင့်မြတ်သောပရောဖက်များ မှတစ်ဆင့် ပေးတော်မူခဲ့သောဘုရားသခင် ၏ဗျာဒိတ်တော်နှင့်အညီ အရာခပ်သိမ်းတို့ ကိုအသစ်ပြုပြင်ပြောင်းလဲတော်မူရာကာလ မတိုင်မီ ထိုအရှင်သည်ကောင်းကင်ဘုံတွင်ရှိ နေတော်မူပေမည်။-
22. မောရှေက`သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည် ငါ့ကိုစေလွှတ်တော်မူသည့်နည်း တူ ပရောဖက်တစ်ပါးကိုလည်းသင်တို့ထံ သို့စေလွှတ်တော်မူလိမ့်မည်။ ထိုအရှင်သည် သင်တို့အမျိုးသားထဲမှဖြစ်လိမ့်မည်။ ထို အရှင်ဟောပြောသမျှသောစကားတို့ကို သင်တို့သည်နာယူကြရမည်။-