1. တစ်နေ့သ၌ဝတ်ပြုကိုးကွယ်ချိန်မွန်းလွဲ သုံးနာရီတွင် ပေတရုနှင့်ယောဟန်တို့သည် ဗိမာန်တော်သို့သွားကြ၏။-
2. တင့်တယ်ဟုခေါ်သောတံခါးအနီးတွင်ဝမ်း တွင်းပါခြေမစွမ်းမသန်သူလူတစ်ယောက် ထိုင်လျက်ရှိ၏။ ဗိမာန်တော်ထဲသို့လာကြ သောသူများထံမှကြေးငွေတောင်းခံနိုင်ရန် နေ့စဉ်နေ့တိုင်းထိုသူကိုတံခါးအနီးတွင် ချထားလေ့ရှိကြ၏။-
3. သူသည်ပေတရုနှင့်ယောဟန်တို့ဗိမာန်တော် ထဲသို့ဝင်မည်ပြုသည်ကိုမြင်လျှင် ကြေးငွေ တစ်စုံတစ်ရာပေးကမ်းစွန့်ကြဲရန်တောင်း ခံလေ၏။-
4. ထိုသူနှစ်ယောက်သည်သူ့ကိုစေ့စေ့ကြည့် ကြ၏။ ထိုနောက်ပေတရုက``ငါတို့ကို ကြည့်လော့'' ဟုဆို၏။-
5. ထိုအခါသူသည်တမန်တော်တို့ထံမှ ကြေးငွေတစ်စုံတစ်ရာရရှိမည်အထင် နှင့်သူတို့ကိုအာရုံစိုက်၍ကြည့်လေ၏။-
6. သို့ရာတွင်ပေတရုက``ငါ့မှာရွှေငွေမရှိ။ သို့သော်ရှိသည့်အရာကိုသင့်အားငါပေး မည်။ နာဇရက်မြို့သားယေရှု၏နာမတော် အားဖြင့်ထ၍လှမ်းသွားလော့'' ဟုဆို၏။-
7. ထိုနောက်သူ၏လက်ယာဘက်ကိုဆွဲကိုင်ထူမ လိုက်၏။ ထိုခဏ၌သူ၏ခြေနှင့်ခြေဖဝါး များသည်သန်မာလာသဖြင့်၊-
8. သူသည်ခုန်ပေါက်ကာဘုရားသခင်၏ဂုဏ် တော်ကိုချီးကူးလျက်ဗိမာန်တော်ထဲသို့ လိုက်သွား၏။-
9. ထိုသူဤသို့ဘုရားသခင်၏ဂုဏ်တော် ကိုချီးကူးလျက် လှမ်းသွားသည်ကိုလူ အပေါင်းတို့တွေ့မြင်ကြ၏။-
10. ထိုသူသည်ဗိမာန်တော်တင့်တယ်တံခါးဝ တွင် ထိုင်နေလေ့ရှိသည့်သူတောင်းစားဖြစ် ကြောင်းကိုမှတ်မိကြသဖြင့် သူတို့သည် ထိုသူ၌ဖြစ်ပျက်သည့်အမှုအရာကို များစွာအံ့သြမိန်းမောကြ၏။
11. ထိုသူသည်ပေတရုနှင့်ယောဟန်တို့ကိုတွယ် ကပ်လျက်နေစဉ် လူအပေါင်းတို့သည်များစွာ အံ့သြလျက် ပေတရုတို့ရှိရာရှောလမုန်ဟု နာမည်တွင်သောမုခ်ဆောင်သို့ပြေး၍လာ ကြ၏။-