5. သို့ရာတွင်ပေါလုသည်မြွေကိုမီးထဲသို့ခါ ၍ချလိုက်၏။ သို့သော်အဘယ်သို့မျှဘေး ဥပဒ်မဖြစ်။-
6. ထိုသူတို့ကပေါလုသည်တစ်ကိုယ်လုံးရောင် လာလိမ့်မည်။ သို့မဟုတ်တခဏချင်းတွင်လဲ သေလိမ့်မည်ဟုစောင့်မျှော်နေကြ၏။ ဤအတိုင်း ပင်ဆက်လက်၍အတော်ကြာအောင်စောင့်မျှော် နေကြသော်လည်း အဘယ်သို့မျှပေါလု၌ ဘေးဥပဒ်မဖြစ်သည်ကိုမြင်ကြသောအခါ သူတို့သည်စိတ်သဘောပြောင်းလဲလာလျက် ``ဤသူကားနတ်ဘုရားပေတည်း'' ဟုဆို ကြကုန်၏။
7. ထိုနေရာအနီးအနားတွင်ကျွန်းသူကြီး ပုဗလိပိုင်သည့်မြေယာများရှိ၏။ ထိုသူ သည်ကျွန်ုပ်တို့ကိုလက်ခံပြီးလျှင်သုံးရက် တိုင်တိုင်ကျွေးမွေးဧည့်ခံ၏။-
8. ပုဗလိ၏ဖခင်သည်အဖျားရောဂါ၊ ဝမ်းကိုက် ရောဂါများဖြင့်လဲ၍နေ၏။ ပေါလုသည်သူ၏ အခန်းထဲသို့ဝင်၍ဆုတောင်းပြီးနောက် သူ၏ အပေါ်မှာလက်ကိုတင်၍သူ့ကိုကျန်းမာ လာစေ၏။-
9. ထိုအခါကျွန်းပေါ်ရှိအခြားမကျန်းမာ သောသူအပေါင်းတို့သည်ပေါလုထံသို့လာ ကြ၏။ ပေါလုသည်သူတို့ကိုကျန်းမာစေ၏။-
10. သူတို့သည်ကျွန်ုပ်တို့အားလက်ဆောင်များပေး ကြ၏။ ကျွန်ုပ်တို့ထွက်ခွာမည်ပြုသောအခါ၌ လည်းလိုအပ်သည့်စားနပ်ရိက္ခာများကို သင်္ဘောပေါ်သို့ပို့ပေးကြ၏။
11. သုံးလကြာသော်ကျွန်ုပ်တို့သည် ထိုကျွန်းတွင် ဆောင်းခိုနေခဲ့သည့်သင်္ဘောဖြင့်ရွက်လွှင့်ကြ၏။ သင်္ဘောသည်အာလေဇန္ဒြိမြို့မှလာ၍နတ် အမြွှာညီနောင်ဟုအမည်တွင်၏။-
12. ကျွန်ုပ်တို့သည်သုရကုတ်မြို့တွင်သင်္ဘောဆိုက် ကပ်၍ ထိုမြို့တွင်သုံးရက်မျှနေ၏။-
13. ထိုမြို့မှရွက်လွှင့်ပြန်ရာရေဂျုန်မြို့သို့ရောက် ကြ၏။ နောက်တစ်နေ့၌တောင်လေလာသဖြင့် နှစ်ရက်ကြာသော်ပေါတယောလိမြို့သို့ရောက် ကြ၏။-
14. ထိုမြို့တွင်ယုံကြည်သူအချို့တို့ကိုတွေ့၍ သူတို့က မိမိတို့နှင့်ခုနစ်ရက်မျှနေရန် တောင်းပန်သည်အတိုင်းနေပြီးနောက် ရောမမြို့သို့ခရီးဆက်ကြ၏။-
15. ထိုရောမမြို့ရှိယုံကြည်သူများသည် ကျွန်ုပ် တို့လာသည့်အကြောင်းကိုကြားသိကြသဖြင့် အပ္ပိစျေးသို့တိုင်အောင်လည်းကောင်း၊ တည်းခို ရိပ်သာသုံးဆောင်သို့တိုင်အောင်လည်းကောင်း လာရောက်ကြိုဆိုကြ၏။ ပေါလုသည်ထိုသူ တို့ကိုမြင်သောအခါ ဘုရားသခင်၏ကျေးဇူး တော်ကိုချီးမွမ်း၍အားတက်လာ၏။
16. ရောမမြို့သို့ရောက်ကြသောအခါပေါလု သည် တစ်ကိုယ်တည်းအစောင့်စစ်သားတစ်ယောက် နှင့်အတူနေခွင့်ရရှိ၏။
17. နောက်သုံးရက်ကြာလျှင်ပေါလုသည် မြို့ပေါ်ရှိ ယုဒအမျိုးသားခေါင်းဆောင်များကိုဖိတ်ခေါ် ၏။ ထိုသူတို့လာရောက်စုဝေးလျက်ရှိသော အခါပေါလုက ``ညီအစ်ကိုတို့၊ ငါသည်မိမိ အမျိုးသားတို့အားလည်းကောင်း၊ ဘိုးဘေး တို့၏ထုံးတမ်းစဉ်လာများအားလည်းကောင်း ဆန့်ကျင်သည့်အမှုတစ်စုံတစ်ရာကိုမျှ မပြုလုပ်ခဲ့သော်လည်း ယုဒအမျိုးသားတို့ သည်ယေရုရှလင်မြို့တွင် ငါ့ကိုဖမ်းဆီးပြီး လျှင်ရောမအမျိုးသားတို့၏လက်သို့အပ် ကြ၏။-
18. ထိုသူတို့သည်ငါ့ကိုစစ်ဆေးမေးမြန်းပြီး နောက် ငါ၏အမှုတွင်သေဒဏ်ပေးထိုက်သော အကြောင်းတစ်စုံတစ်ရာမျှမတွေ့ရ သဖြင့်ငါ့အားလွှတ်လိုကြ၏။-
19. သို့ရာတွင်ယုဒအမျိုးသားတို့ကကန့်ကွက် ကြသောကြောင့် ငါသည်မလွဲမရှောင်သာတော့ ဘဲဧကရာဇ်ဘုရင်ထံအယူခံရ၏။ သို့ပြု ရခြင်းမှာမိမိ၏အမျိုးသားတို့အားစွပ် စွဲပြောဆိုရန်အကြောင်းရှိ၍မဟုတ်။-
20. သို့ဖြစ်၍သင်တို့နှင့်တွေ့ဆုံခွင့်ကိုတောင်းခံ ခဲ့ခြင်းဖြစ်သည်။ ငါသည်ဤသံကြိုးများ ဖြင့်အချည်အနှောင်ခံရသည်မှာ ဣသရေလ အမျိုးသားတို့မျှော်လင့်စောင့်စားလျက်နေ ကြသည့်အရှင်၏အတွက်ကြောင့်ပင်ဖြစ်သည်'' ဟုဆို၏။
21. ထိုသူတို့က ``ငါတို့သည်သင်၏အကြောင်း ယုဒပြည်မှစာတစ်စောင်မျှမရခဲ့ကြပါ။ ငါတို့ယုဒအမျိုးသားညီအစ်ကိုတစ်စုံတစ် ယောက်မျှလည်း လာရောက်၍သင်၏အကြောင်း မကောင်းသတင်းမပြောပါ။-
22. သို့ရာတွင်ဤဂိုဏ်းအကြောင်းကိုမူဆန့်ကျင် ၍ နေရာတကာတွင်ပြောဆိုနေကြသည်ကို ငါတို့သိရှိပါ၏။ သို့ဖြစ်၍သင်၏အယူ ဝါဒကိုသင့်ထံမှငါတို့ကြားနာလိုပါ ၏'' ဟုဆိုကြ၏။
23. ထိုသူတို့သည်ရက်ချိန်းပေးကြ၏။ ချိန်းသည့်နေ့ ၌ ပေါလုတည်းခိုရာသို့လူအမြောက်အမြား လာရောက်ကြ၏။ ပေါလုသည်နံနက်မှညနေ ချမ်းတိုင်အောင် ဘုရားသခင်၏နိုင်ငံတော်ဆိုင် ရာတရားတော်အကြောင်းကိုရှင်းလင်းဖော် ပြ၏။ သခင်ယေရှု၏အကြောင်းတော်ကိုလည်း မောရှေ၏ပညတ်ကျမ်းနှင့်ပရောဖက်ကျမ်း များမှကောက်နုတ်ကာ ထိုသူတို့နားလည် သဘောပေါက်လာစေရန်ကြိုးစား၍ဟော ပြော၏။
24. လူအချို့တို့သည်ပေါလု၏ဟောပြောချက် ကိုနားလည်သဘောပေါက်လာကြသော် လည်း အချို့သူတို့မူကားမယုံကြည်ကြ။-