3. ပေါလုသည်ထင်းတစ်စည်းကိုယူပြီးလျှင်မီး ထဲသို့ထည့်လိုက်၏။ ထိုအခါမီးပူရှိန်ကြောင့် ထင်းစည်းထဲမှမြွေတစ်ကောင်ထွက်လာပြီး နောက် ပေါလု၏လက်ကိုတွယ်လျက်နေ၏။-
4. သူ၏လက်မှတန်းလန်းကျနေသောမြွေ ကိုကျွန်းသူကျွန်းသားတို့မြင်လျှင် ``ဤသူ ကားသူသတ်သမားဖြစ်တန်ရာ၏။ ပင်လယ် တွင်အသက်ဘေးမှလွတ်မြောက်ခဲ့သော်လည်း တရားမျှတမှုကသူ့အားအသက်ရှင် ခွင့်မပြု'' ဟုအချင်းချင်းပြောဆိုကြ၏။-
5. သို့ရာတွင်ပေါလုသည်မြွေကိုမီးထဲသို့ခါ ၍ချလိုက်၏။ သို့သော်အဘယ်သို့မျှဘေး ဥပဒ်မဖြစ်။-
6. ထိုသူတို့ကပေါလုသည်တစ်ကိုယ်လုံးရောင် လာလိမ့်မည်။ သို့မဟုတ်တခဏချင်းတွင်လဲ သေလိမ့်မည်ဟုစောင့်မျှော်နေကြ၏။ ဤအတိုင်း ပင်ဆက်လက်၍အတော်ကြာအောင်စောင့်မျှော် နေကြသော်လည်း အဘယ်သို့မျှပေါလု၌ ဘေးဥပဒ်မဖြစ်သည်ကိုမြင်ကြသောအခါ သူတို့သည်စိတ်သဘောပြောင်းလဲလာလျက် ``ဤသူကားနတ်ဘုရားပေတည်း'' ဟုဆို ကြကုန်၏။
7. ထိုနေရာအနီးအနားတွင်ကျွန်းသူကြီး ပုဗလိပိုင်သည့်မြေယာများရှိ၏။ ထိုသူ သည်ကျွန်ုပ်တို့ကိုလက်ခံပြီးလျှင်သုံးရက် တိုင်တိုင်ကျွေးမွေးဧည့်ခံ၏။-