9. ကျွန်ုပ်တို့သည်ထိုအရပ်တွင်ရက်ပေါင်းမျာစွာ ရပ်နားခဲ့ကြရာ အပြစ်ဖြေရာပွဲနေ့အခါ ပင်လွန်၍လာပြီ။ ထို့ကြောင့်ပင်လယ်ခရီးပြု ရန်ဘေးအန္တရာယ်မကင်းတော့ပေ။ သို့ဖြစ်၍ ပေါလုက၊-
10. ``အချင်းတို့၊ ယခုအခါ၌ပင်လယ်ခရီး ပြုမည်ဆိုပါက သင်္ဘောနှင့်ကုန်ပစ္စည်းများ သာမကကျွန်ုပ်တို့၏အသက်ပါဆုံးရှုံး စရာရှိကြောင်းငါတွေ့မြင်၏'' ဟုသတိ ပေးစကားပြောကြား၏။-
11. သို့ရာတွင်တပ်မှူးသည်ပေါလု၏စကားထက် ရေယာဉ်မှူးနှင့်သင်္ဘောပိုင်ရှင်တို့၏စကားကို ပို၍ယုံ၏။-
12. ဤဆိပ်ကမ်းတွင်ဆောင်းကာလပတ်လုံးရပ်နား ရန်မသင့်သဖြင့် လူများစုကဤဆိပ်ကမ်းမှ ထွက်ခွာပြီးလျှင် ဖြစ်နိုင်ပါကဖိနိတ်မြို့သို့ ရောက်အောင်သွား၍ဆောင်းရာသီအတွက်ရပ် နားလိုကြ၏။ ဖိနိတ်ဆိပ်ကမ်းကားကရေတေ ကျွန်းတွင်ရှိ၍ အနောက်တောင်နှင့်အနောက် မြောက်သို့မျက်နှာမူလျက်ရှိသတည်း။
13. တောင်လေပြေကလေးစ၍တိုက်ခတ်လာသော အခါ သင်္ဘောသားတို့သည်မိမိတို့၏အကြံ အောင်မည်ဟုထင်မှတ်လျက် ကျောက်ဆူးကိုနုတ် ပြီးလျှင်သင်္ဘောကိုကရေတေကမ်းခြေတစ် လျှောက်ကပ်နိုင်သမျှကပ်၍ရွက်လွှင့်ကြ၏။-
14. သို့ရာတွင်မကြာမီပင်အရှေ့မြောက်ရာသီ လေဟုနာမည်ရှိသောလေသည် ကုန်းဘက်မှ အဟုန်ပြင်းစွာတိုက်ခတ်လာလေသည်။-
15. သင်္ဘောသည်လေအဟုန်တွင်မိသဖြင့် ထိုလေ ကိုရင်ဆိုင်ရန်မတတ်နိုင်တော့ပေ။ သို့ဖြစ်၍ ကျွန်ုပ်တို့သည်လက်လျှော့လိုက်ရကြ၏။ လေ တိုက်ရာသို့လွင့်ပါသွားကြပြီးနောက်၊-
16. ကလောဒေခေါ်ကျွန်းငယ်တောင်ဘက်သို့ရောက်ရှိ သောအခါ လေပြင်းဒဏ်မှအနည်းငယ်အကွယ် အကာရရှိကြ၏။ ထိုအရပ်တွင်သင်္ဘောနောက် မှအသက်ကယ်လှေငယ်ကိုမပျက်စီးစေရန် အနိုင်နိုင်ကြိုးစားကြ၏။-
17. သင်္ဘောသားတို့သည်ထိုလှေကိုဆွဲတင်ပြီးလျှင် သင်္ဘောဝမ်းကိုကြိုးများဖြင့်ပတ်၍ခိုင်ခန့်အောင် ပြုကြ၏။ သူတို့သည်သုရတိသောင်တွင်သင်္ဘော တင်မည်စိုးသဖြင့် ရွက်ကိုလျှော့ချလိုက်ပြီး လျှင်သင်္ဘောကိုလေတိုက်ရာသို့မျောပါစေ ကြ၏။
18. နောက်တစ်နေ့၌လည်းလေပြင်းမုန်တိုင်းဆက် လက်တိုက်ခတ်နေသဖြင့် သူတို့သည်ကုန်ပစ္စည်း အချို့ကိုသင်္ဘောပေါ်မှပစ်ချကြ၏။-
19. တတိယနေ့၌သင်္ဘောနှင့်စပ်ဆိုင်သောကုန် ပစ္စည်းတန်ဆာအချို့ကိုပစ်ချကြ၏။-
20. ကျွန်ုပ်တို့သည်ရက်ပေါင်းများစွာနေနှင့် ကြယ်နက္ခတ်များကိုမတွေ့မမြင်နိုင်ကြ။ လေသည်ဆက်၍အရှိန်ပြင်းစွာတိုက်ခတ် လျက်ရှိ၏။ နောက်ဆုံး၌ကျွန်ုပ်တို့သည် သေ ဘေးမှလွတ်မြောက်နိုင်တော့မည်မဟုတ် ဟုစိတ်လျှော့လိုက်ကြ၏။
21. လူတို့သည်ကာလကြာမြင့်စွာအစာ မစားဘဲနေကြပြီးနောက် ပေါလုသည် သူတို့အလယ်တွင်ရပ်၍ ``အချင်းတို့၊ သင် တို့သည်ငါ့စကားကိုနားထောင်၍ ကရေ တေကျွန်းမှမထွက်မခွာဘဲနေသင့်ကြ၏။ သို့နေခဲ့ကြမူဤသို့ပျက်စီးဆုံးရှုံးမှု နှင့်ရင်ဆိုင်ကြရမည်မဟုတ်။-
22. သို့သော်အားမငယ်ကြနှင့်။ သင်တို့အနက် မည်သူတစ်စုံတစ်ယောက်မျှအသက်ဆုံးရှုံး ရမည်မဟုတ်။ သင်္ဘောသာလျှင်ဆုံးရှုံးရ လိမ့်မည်။-
23. ငါ၏အရှင်၊ ငါကိုးကွယ်သောဘုရားသခင် ၏ကောင်းကင်တမန်သည်လွန်ခဲ့သောညက ငါ့ထံသို့လာလျက်၊-
24. `ပေါလု၊ မကြောက်နှင့်။ သင်သည်ဧကရာဇ်ဘုရင် ရှေ့တော်သို့ရောက်ရမည်။ ဘုရားသခင်သည်သင့် ကိုထောက်ထားတော်မူသဖြင့် သင်နှင့်အတူ သင်္ဘောစီးခဲ့ကြသူအပေါင်းတို့အားသေဘေး မှလွတ်မြောက်စေတော်မူလိမ့်မည်' ဟုဆိုပါ၏။-
25. သို့ဖြစ်၍အားမငယ်ကြနှင့်။ ငါသည်ဘုရား သခင်ကိုယုံကြည်သူဖြစ်၏။ ထို့ကြောင့်ငါ့ အားကောင်းကင်တမန်ဖော်ပြသည့်အတိုင်း ဖြစ်ပျက်လိမ့်မည်။-
26. သို့ရာတွင်ငါတို့သင်္ဘောသည်ကျွန်းတစ်ခု တွင်သောင်တင်လိမ့်မည်'' ဟုဆို၏။
27. တစ်ဆယ့်လေးရက်မြောက်သောည၌ ကျွန်ုပ်တို့ သင်္ဘောသည်မြေထဲပင်လယ်တွင်လေပြင်းမုန် တိုင်းတိုက်ခတ်ရာသို့မျောပါလျက်ရှိ၏။ သန်း ခေါင်အချိန်ခန့်တွင်သင်္ဘောသားတို့သည် ကမ်း တစ်ခုခုနှင့်နီးလာသည်ဟုရိပ်စားမိကြ၏။-