တမန်တော်ဝတ္ထု 27:6-8 Common Language Bible (BCL)

6. ထို​မြို့​တွင်​ဣ​တ​လိ​ပြည်​သို့​သွား​မည့်​အာ​လေ ဇန္ဒြိ​မြို့​မှ​ရောက်​ရှိ​လာ​သော​သင်္ဘော​တစ်​စင်း​ကို တွေ့​သ​ဖြင့် တပ်​မှူး​သည်​ကျွန်ုပ်​တို့​အား​ထို သင်္ဘော​ပေါ်​သို့​တက်​စေ​၏။

7. ကျွန်ုပ်​တို့​သည်​တ​ရွေ့​ရွေ့​ရက်​ပေါင်း​များ​စွာ​ရွက် လွှင့်​ပြီး​နောက် က​နိဒ်​မြို့​အ​နီး​သို့​ခက်​ခက်​ခဲ​ခဲ နှင့်​ရောက်​ကြ​၏။ လေ​မ​သင့်​၍​ရှေ့​သို့​မ​သွား နိုင်​သ​ဖြင့်​ကျွန်ုပ်​တို့​သည်​သာ​လ​မုန်​အ​ငူ အ​နီး​မှ​ဖြတ်​၍ က​ရေ​တေ​ကျွန်း​တောင်​ဘက် လေ​ရိပ်​ကို​ခို​လျက်​ရွက်​လွှင့်​ကြ​၏။-

8. ပင်​လယ်​ကမ်း​နှင့်​ခပ်​နီး​နီး​ရွက်​လွှင့်​လျက် ခက် ခက်​ခဲ​ခဲ​နှင့်​လာ​သဲ​မြို့​အ​နီး​ဆိပ်​သာ​ယာ ဟု​ခေါ်​သော​အ​ရပ်​သို့​ရောက်​ကြ​၏။

တမန်တော်ဝတ္ထု 27