30. သင်္ဘောသားများသည်သင်္ဘောဦးပိုင်းမှကျောက် ဆူးချမည့်ဟန်ဖြင့် အသက်ကယ်လှေကိုလျှော ချ၍ထွက်ပြေးရန်ကြိုးစားကြစဉ်၊-
31. ပေါလုသည်တပ်မှူးနှင့်စစ်သားများအား ``ဤ သင်္ဘောသားတို့သည်သင်္ဘောပေါ်တွင်မနေကြ လျှင် သင်တို့ကိုယ်တိုင်အသက်ချမ်းသာရန် မျှော်လင့်ချက်ရှိလိမ့်မည်မဟုတ်'' ဟုပြော လေ၏။-
32. ထိုအခါစစ်သားတို့သည်အသက်ကယ်လှေ ကြိုးများကိုခုတ်ဖြတ်၍ လှေကိုအောက်သို့ ချလိုက်ကြ၏။
33. မိုးလင်းခါနီး၌ပေါလုသည်ထိုသူအပေါင်း တို့အား အစာစားရန်တိုက်တွန်းလို၍ ``သင် တို့သည်အဘယ်သို့ဖြစ်မည်ကိုစောင့်မျှော်ကာ အငတ်ခံလျက်နေခဲ့ကြသည်မှာတစ်ဆယ့် လေးရက်ရှိပေပြီ။ သင်တို့သည်မည်သည့် အစားအစာကိုမျှမစားခဲ့ကြ။-
34. သင်တို့ဆက်လက်အသက်ရှင်နိုင်ရေးအတွက် အစားအစာစားကြရန်ငါတောင်းပန်ပါ၏။ သင်တို့တစ်စုံတစ်ယောက်၏ဦးခေါင်းမှဆံ ခြည်တစ်ပင်မျှပင်လျှင်ပျက်စီးဆုံးရှုံး ရလိမ့်မည်မဟုတ်'' ဟုဆို၏။-
35. ထိုနောက်ပေါလုသည်မုန့်ကိုယူပြီးလျှင် ထို သူအားလုံးတို့၏ရှေ့တွင်ဘုရားသခင်၏ ကျေးဇူးတော်ကိုချီးမွမ်းပြီးနောက်မုန့်ကို ဖဲ့၍စားလေ၏။-
36. ထိုအခါထိုသူအားလုံးပင်အားတက်လာ ကြပြီးလျှင် အစားအစာစားကြကုန်၏။-
37. သင်္ဘောပေါ်တွင်စုစုပေါင်းလူနှစ်ရာခုနစ် ဆယ့်ခြောက်ယောက်ရှိ၏။-
38. လူတိုင်းဝအောင်စားကြပြီးသောအခါ သင်္ဘောကိုပေါ့စေရန် ဂျုံဆန်ရှိသမျှကို ပင်လယ်ထဲသို့ပစ်ချကြ၏။
39. မိုးလင်းသောအခါသင်္ဘောသားတို့သည် မိမိ တို့မည်သည့်အရပ်သို့ရောက်ရှိနေမှန်းမသိ ကြသော်လည်း ပင်လယ်ကွေ့ကမ်းခြေတစ်ခုကို တွေ့မြင်ကြသဖြင့် ဖြစ်နိုင်ပါကထိုကမ်းခြေ ပေါ်သို့သင်္ဘောကိုထိုးတင်ရန်ဆုံးဖြတ်ကြ၏။-
40. သူတို့သည်ကျောက်ကြိုးကိုဖြတ်၍ကျောက်ဆူး များကိုပင်လယ်ထဲသို့ချလိုက်ကြ၏။ တစ်ချိန် တည်းမှာပင်ပဲ့ထိန်းတက်များမှကြိုးတို့ကို လည်းဖြေကြ၏။ ထိုနောက်သင်္ဘောဦးမှရွက် ကိုတင်၍ကမ်းခြေဘက်သို့ရွက်တိုက်ကြ၏။-
41. သို့ရာတွင်သင်္ဘောသည်ရေတိမ်ရာသို့ရောက်၍ သောင်တင်နေတော့၏။ သင်္ဘောဦးသည်သောင်တွင် စိုက်လျက်နေသဖြင့်လှုပ်ရှား၍မရ။ သင်္ဘော ပဲ့ပိုင်းမှာမူလှိုင်းလုံးများရိုက်သဖြင့်ကျိုး ပျက်စပြုလာ၏။
42. ထိုအခါစစ်သားများသည်အကျဉ်းသားတို့ ရေကူး၍ထွက်ပြေးမည်ကိုစိုးရိမ်သဖြင့် သူ တို့အားအသေသတ်ရန်ကြံစည်ကြ၏။-
43. သို့သော်တပ်မှူးသည်ပေါလုကိုကယ်ဆယ်လို သဖြင့် စစ်သားများ၏အကြံအစည်အတိုင်း မပြုလုပ်ရန်တားမြစ်ပြီးလျှင် ဦးစွာပထမ ရေကူးတတ်သူတို့အားသင်္ဘောပေါ်မှခုန်ချ စေပြီးနောက်ကုန်းသို့ကူးစေ၏။-