21. လူတို့သည်ကာလကြာမြင့်စွာအစာ မစားဘဲနေကြပြီးနောက် ပေါလုသည် သူတို့အလယ်တွင်ရပ်၍ ``အချင်းတို့၊ သင် တို့သည်ငါ့စကားကိုနားထောင်၍ ကရေ တေကျွန်းမှမထွက်မခွာဘဲနေသင့်ကြ၏။ သို့နေခဲ့ကြမူဤသို့ပျက်စီးဆုံးရှုံးမှု နှင့်ရင်ဆိုင်ကြရမည်မဟုတ်။-
22. သို့သော်အားမငယ်ကြနှင့်။ သင်တို့အနက် မည်သူတစ်စုံတစ်ယောက်မျှအသက်ဆုံးရှုံး ရမည်မဟုတ်။ သင်္ဘောသာလျှင်ဆုံးရှုံးရ လိမ့်မည်။-
23. ငါ၏အရှင်၊ ငါကိုးကွယ်သောဘုရားသခင် ၏ကောင်းကင်တမန်သည်လွန်ခဲ့သောညက ငါ့ထံသို့လာလျက်၊-
24. `ပေါလု၊ မကြောက်နှင့်။ သင်သည်ဧကရာဇ်ဘုရင် ရှေ့တော်သို့ရောက်ရမည်။ ဘုရားသခင်သည်သင့် ကိုထောက်ထားတော်မူသဖြင့် သင်နှင့်အတူ သင်္ဘောစီးခဲ့ကြသူအပေါင်းတို့အားသေဘေး မှလွတ်မြောက်စေတော်မူလိမ့်မည်' ဟုဆိုပါ၏။-
25. သို့ဖြစ်၍အားမငယ်ကြနှင့်။ ငါသည်ဘုရား သခင်ကိုယုံကြည်သူဖြစ်၏။ ထို့ကြောင့်ငါ့ အားကောင်းကင်တမန်ဖော်ပြသည့်အတိုင်း ဖြစ်ပျက်လိမ့်မည်။-
26. သို့ရာတွင်ငါတို့သင်္ဘောသည်ကျွန်းတစ်ခု တွင်သောင်တင်လိမ့်မည်'' ဟုဆို၏။
27. တစ်ဆယ့်လေးရက်မြောက်သောည၌ ကျွန်ုပ်တို့ သင်္ဘောသည်မြေထဲပင်လယ်တွင်လေပြင်းမုန် တိုင်းတိုက်ခတ်ရာသို့မျောပါလျက်ရှိ၏။ သန်း ခေါင်အချိန်ခန့်တွင်သင်္ဘောသားတို့သည် ကမ်း တစ်ခုခုနှင့်နီးလာသည်ဟုရိပ်စားမိကြ၏။-
28. သူတို့သည်ရေတိမ်ရေနက်ကိုတိုင်းကြည့်ကြ သောအခါ ပေတစ်ရာ့နှစ်ဆယ်ရှိကြောင်းတွေ့ ရကြ၏။ ရှေ့သို့အနည်းငယ်သွားပြီးနောက် တစ်ဖန်တိုင်းကြည့်ပြန်ရာပေကိုးဆယ်ရှိ သည်ကိုတွေ့ရ၏။-
29. သူတို့သည်ကျောက်ဆောင်နှင့်တိုက်မိမည်စိုး သဖြင့် သင်္ဘောပဲ့ပိုင်းမှကျောက်ဆူးလေးခု ကိုချပြီးလျှင် ``မိုးလင်းပါစေ'' ဟုဆုတောင်း ကြ၏။-
30. သင်္ဘောသားများသည်သင်္ဘောဦးပိုင်းမှကျောက် ဆူးချမည့်ဟန်ဖြင့် အသက်ကယ်လှေကိုလျှော ချ၍ထွက်ပြေးရန်ကြိုးစားကြစဉ်၊-
31. ပေါလုသည်တပ်မှူးနှင့်စစ်သားများအား ``ဤ သင်္ဘောသားတို့သည်သင်္ဘောပေါ်တွင်မနေကြ လျှင် သင်တို့ကိုယ်တိုင်အသက်ချမ်းသာရန် မျှော်လင့်ချက်ရှိလိမ့်မည်မဟုတ်'' ဟုပြော လေ၏။-