17. သင်္ဘောသားတို့သည်ထိုလှေကိုဆွဲတင်ပြီးလျှင် သင်္ဘောဝမ်းကိုကြိုးများဖြင့်ပတ်၍ခိုင်ခန့်အောင် ပြုကြ၏။ သူတို့သည်သုရတိသောင်တွင်သင်္ဘော တင်မည်စိုးသဖြင့် ရွက်ကိုလျှော့ချလိုက်ပြီး လျှင်သင်္ဘောကိုလေတိုက်ရာသို့မျောပါစေ ကြ၏။
18. နောက်တစ်နေ့၌လည်းလေပြင်းမုန်တိုင်းဆက် လက်တိုက်ခတ်နေသဖြင့် သူတို့သည်ကုန်ပစ္စည်း အချို့ကိုသင်္ဘောပေါ်မှပစ်ချကြ၏။-
19. တတိယနေ့၌သင်္ဘောနှင့်စပ်ဆိုင်သောကုန် ပစ္စည်းတန်ဆာအချို့ကိုပစ်ချကြ၏။-
20. ကျွန်ုပ်တို့သည်ရက်ပေါင်းများစွာနေနှင့် ကြယ်နက္ခတ်များကိုမတွေ့မမြင်နိုင်ကြ။ လေသည်ဆက်၍အရှိန်ပြင်းစွာတိုက်ခတ် လျက်ရှိ၏။ နောက်ဆုံး၌ကျွန်ုပ်တို့သည် သေ ဘေးမှလွတ်မြောက်နိုင်တော့မည်မဟုတ် ဟုစိတ်လျှော့လိုက်ကြ၏။
21. လူတို့သည်ကာလကြာမြင့်စွာအစာ မစားဘဲနေကြပြီးနောက် ပေါလုသည် သူတို့အလယ်တွင်ရပ်၍ ``အချင်းတို့၊ သင် တို့သည်ငါ့စကားကိုနားထောင်၍ ကရေ တေကျွန်းမှမထွက်မခွာဘဲနေသင့်ကြ၏။ သို့နေခဲ့ကြမူဤသို့ပျက်စီးဆုံးရှုံးမှု နှင့်ရင်ဆိုင်ကြရမည်မဟုတ်။-