တမန်တော်ဝတ္ထု 26:27-30 Common Language Bible (BCL)

27. အ​ဂြိပ္ပ​ဘု​ရင်​မင်း​မြတ်၊ အ​ရှင်​သည်​ပ​ရော ဖက်​ကျမ်း​များ​ကို​ယုံ​ကြည်​တော်​မူ​ပါ သ​လော။ အ​ရှင်​ယုံ​ကြည်​တော်​မူ​ကြောင်း​ကို အ​ကျွန်ုပ်​သိ​ပါ​၏'' ဟု​လျှောက်​၏။

28. အ​ဂြိပ္ပ​မင်း​က ``သင်​သည်​ဤ​မျှ​တို​တောင်း သည့်​အ​ချိန်​၌ ငါ့​ကို​ခ​ရစ်​ယာန်​ဖြစ်​စေ​နိုင် မည်​ဟု​ထင်​မှတ်​ပါ​သ​လော'' ဟု​ဆို​၏။

29. ပေါ​လု​က ``အ​ချိန်​တို​သည်​ကြာ​သည်​မှာ ပ​ဋ္ဌာ​န​မ​ဟုတ်​ပါ။ အ​ရှင်​မင်း​ကြီး​နှင့်​တ​ကွ ယ​နေ့​အ​ကျွန်ုပ်​ပြော​ဆို​သည်​ကို နား​ထောင် လျက်​ရှိ​ကြ​သော​လူ​အ​ပေါင်း​တို့​သည် ဤ အ​နှောင်​အ​ဖွဲ့​ခံ​ရ​မှု​မှ​လွဲ​၍​အ​ကျွန်ုပ်​ကဲ့ သို့​ပင်​ဖြစ်​လာ​ကြ​စေ​ရန် ဘု​ရား​သ​ခင် ထံ​တော်​သို့​အ​ကျွန်ုပ်​ဆု​တောင်း​ပါ​၏'' ဟု လျှောက်​လေ​သည်။

30. ထို​အ​ခါ​မင်း​ကြီး​နှင့်​ဘု​ရင်​ခံ​တို့​သည် မိ ဖု​ရား​ဗေ​ရ​နိတ်​နှင့်​အ​ဖွဲ့​ဝင်​အ​ပေါင်း​တို့ နှင့်​တ​ကွ​နေ​ရာ​မှ​ထ​ကြ​၏။-

တမန်တော်ဝတ္ထု 26