2. ``အရှင်အဂြိပ္ပမင်းကြီး၊ အကျွန်ုပ်အားယုဒ အမျိုးသားတို့စွပ်စွဲချက်များနှင့်ပတ်သက် ၍ အရှင်၏ရှေ့တော်တွင်လျှောက်လဲချေပရ သည်မှာ အကျွန်ုပ်အဖို့ထူးမြတ်သောအခွင့် အရေးပင်ဖြစ်သည်ဟုယူဆပါ၏။-
3. အရှင်သည်ယုဒအမျိုးသားတို့၏ဋ္ဌလေ့ ထုံးစံများနှင့် အငြင်းပွားတတ်သည့်ပြဿ နာများကိုသိရှိသူဖြစ်ပါ၏။ သို့ဖြစ်၍ အကျွန်ုပ်လျှောက်ထားချက်ကိုစိတ်ရှည်လျက် နားထောင်တော်မူပါ။''
4. ``အကျွန်ုပ်သည်ပျိုရွယ်စဉ်အခါမှစ၍ ဦးစွာ မိမိ၏ဇာတိပြည်ရွာတွင်လည်းကောင်း ထိုနောက်ယေရုရှလင်မြို့တွင်လည်းကောင်း မည်သို့ပြုမူနေထိုင်ခဲ့သည်ကိုယုဒ အမျိုးသားအပေါင်းတို့သိကြပါ၏။-
5. အကျွန်ုပ်ကိုသူတို့သိကြသည်မှာကြာ ပါပြီ။ အကျွန်ုပ်သည်ယုဒဘာသာတွင် အကျပ်တည်းဆုံးသောစည်းမျဉ်းများကို လိုက်နာကျင့်သုံးသည့်ဖာရိရှဲဂိုဏ်းဝင် တစ်ယောက်အနေဖြင့်နေထိုင်ပြုမူခဲ့ ကြောင်းကို ထိုသူတို့သက်သေခံလိုက ခံနိုင်ကြပါ၏။-
6. ဘုရားသခင်သည်အကျွန်ုပ်တို့၏ဘိုးဘေး များအားထားတော်မူသည့်ကတိတော်ကို အကျွန်ုပ်မျှော်လင့်စောင့်စားသည့်အတွက် ယခုအခါအကျွန်ုပ်သည်အစစ်အဆေး ခံနေရပါ၏။-
7. ထိုကတိတော်ကားယုဒအမျိုးအနွယ် တစ်ဆယ့်နှစ်ပါးတို့သည် နေ့ညမပြတ် ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်လျက် မျှော်လင့်စောင့်စားနေကြသည့်ကတိ တော်ပင်ဖြစ်ပါ၏။ အရှင်မင်းကြီး၊ ဤ သို့မျှော်လင့်စောင့်စားခြင်းကြောင့် အကျွန်ုပ် အားယုဒအမျိုးသားတို့စွပ်စွဲပြောဆို ကြခြင်းဖြစ်ပါ၏။-
8. သူသေတို့ကိုဘုရားသခင်ရှင်ပြန်ထ မြောက်စေတော်မူသည်ကို ဤတွင်ရှိနေသူ တို့အဘယ်ကြောင့်မယုံနိုင်ကြပါသနည်း။''
9. ``အကျွန်ုပ်ကိုယ်တိုင်ပင်လျှင် နာဇရက်မြို့ သားယေရှု၏နာမတော်နှင့်ဆန့်ကျင်သည့် အမှုများကိုပြုသင့်သည်ဟုယူဆခဲ့ပါ၏။-
10. ယေရုရှလင်မြို့တွင်ထိုသို့ပြုခဲ့ပါ၏။ ယဇ်ပုရောဟိတ်ကြီးများ၏အမိန့်အာဏာ ဖြင့် ယုံကြည်သူအမြောက်အမြားကိုထောင် သွင်း၍အကျဉ်းထားခဲ့ပါ၏။ သူတို့အား သေဒဏ်စီရင်ချိန်၌လည်း အကျွန်ုပ်သဘော တူမဲဆန္ဒပေးခဲ့ပါ၏။-
11. တရားဇရပ်များတွင်သူတို့အားကြိမ်ဖန် များစွာအပြစ်ဒဏ်ပေးစေပြီးလျှင် သူတို့ ၏အယူဝါဒကိုစွန့်လွှတ်ကြစေရန်ကြိုး စားဆောင်ရွက်ခဲ့ပါ၏။ သူတို့အပေါ်၌ ဒေါသစိတ်မွှန်၍နေသဖြင့် အကျွန်ုပ်သည် နိုင်ငံရပ်ခြားမြို့များသို့ပင်သွားရောက် ၍သူတို့ကိုညှဉ်းဆဲခဲ့ပါ၏။''
12. ``ဤရည်ရွယ်ချက်ဖြင့်အကျွန်ုပ်သည်ယဇ် ပုရောဟိတ်ကြီးများထံမှ အခွင့်အာဏာရ ယူ၍ဒမာသက်မြို့သို့သွားပါ၏။ သို့သွား လျက်နေစဉ်၊-
13. မွန်းတည့်ချိန်၌ကောင်းကင်မှနေရောင်ထက် ပင် ထွန်းလင်းတောက်ပသည့်အလင်းရောင်ကို အကျွန်ုပ်မြင်ရပါ၏။-
14. ထိုအခါအကျွန်ုပ်တို့အားလုံးပင်မြေပေါ် သို့လဲကျကြပါ၏။ ထိုနောက်ဟေဗြဲဘာသာ စကားဖြင့်`ရှောလု၊ ရှောလု၊ သင်အဘယ်ကြောင့် ငါ့ကိုနှိပ်စက်ညှဉ်းဆဲသနည်း။ တုတ်ချွန်ကို ခြေနှင့်ကျောက်လျှင် သင်သာလျှင်နာကျင် လိမ့်မည်' ဟူသောအသံကိုအကျွန်ုပ်ကြား ပါ၏။-