တမန်တော်ဝတ္ထု 26:1-5 Common Language Bible (BCL)

1. အ​ဂြိပ္ပ​မင်း​ကြီး​က ``သင်​လျှောက်​ထား​နိုင် သည်'' ဟု​ပေါ​လု​အား​ဆို​သော် ပေါ​လု​သည် လက်​ကို​ဆန့်​၍၊-

2. ``အ​ရှင်​အ​ဂြိပ္ပ​မင်း​ကြီး၊ အ​ကျွန်ုပ်​အား​ယု​ဒ အ​မျိုး​သား​တို့​စွပ်​စွဲ​ချက်​များ​နှင့်​ပတ်​သက် ၍ အ​ရှင်​၏​ရှေ့​တော်​တွင်​လျှောက်​လဲ​ချေ​ပ​ရ သည်​မှာ အ​ကျွန်ုပ်​အ​ဖို့​ထူး​မြတ်​သော​အ​ခွင့် အ​ရေး​ပင်​ဖြစ်​သည်​ဟု​ယူ​ဆ​ပါ​၏။-

3. အ​ရှင်​သည်​ယု​ဒ​အ​မျိုး​သား​တို့​၏​ဋ္ဌ​လေ့ ထုံး​စံ​များ​နှင့် အ​ငြင်း​ပွား​တတ်​သည့်​ပြ​ဿ နာ​များ​ကို​သိ​ရှိ​သူ​ဖြစ်​ပါ​၏။ သို့​ဖြစ်​၍ အ​ကျွန်ုပ်​လျှောက်​ထား​ချက်​ကို​စိတ်​ရှည်​လျက် နား​ထောင်​တော်​မူ​ပါ။''

4. ``အ​ကျွန်ုပ်​သည်​ပျို​ရွယ်​စဉ်​အ​ခါ​မှ​စ​၍ ဦး​စွာ မိ​မိ​၏​ဇာ​တိ​ပြည်​ရွာ​တွင်​လည်း​ကောင်း ထို​နောက်​ယေ​ရု​ရှ​လင်​မြို့​တွင်​လည်း​ကောင်း မည်​သို့​ပြု​မူ​နေ​ထိုင်​ခဲ့​သည်​ကို​ယု​ဒ အ​မျိုး​သား​အ​ပေါင်း​တို့​သိ​ကြ​ပါ​၏။-

5. အ​ကျွန်ုပ်​ကို​သူ​တို့​သိ​ကြ​သည်​မှာ​ကြာ ပါ​ပြီ။ အ​ကျွန်ုပ်​သည်​ယု​ဒ​ဘာ​သာ​တွင် အ​ကျပ်​တည်း​ဆုံး​သော​စည်း​မျဉ်း​များ​ကို လိုက်​နာ​ကျင့်​သုံး​သည့်​ဖာ​ရိ​ရှဲ​ဂိုဏ်း​ဝင် တစ်​ယောက်​အ​နေ​ဖြင့်​နေ​ထိုင်​ပြု​မူ​ခဲ့ ကြောင်း​ကို ထို​သူ​တို့​သက်​သေ​ခံ​လို​က ခံ​နိုင်​ကြ​ပါ​၏။-

22-23. သို့​သော်​ဘု​ရား​သ​ခင်​သည်​အ​ကျွန်ုပ်​ကို​မ​စ တော်​မူ​သ​ဖြင့် ယ​နေ့​တိုင်​အောင်​အ​ကျွန်ုပ်​သည် အ​သက်​ရှင်​၍​ယုတ်​မြတ်​မ​ဟူ​လူ​အ​ပေါင်း​တို့ အား​သက်​သေ​ခံ​လျက်​ရှိ​ပါ​၏။ မေ​ရှိ​ယ​သည် အ​သေ​ခံ​တော်​မူ​ရ​မည်​ဟူ​၍​လည်း​ကောင်း၊ ကိုယ်​တော်​သည်​သေ​ခြင်း​မှ​အ​ဦး​ထ​မြောက် တော်​မူ​ပြီး​လျှင် ဣသ​ရေ​လ​အ​မျိုး​သား​တို့ နှင့်​လူ​မျိုး​ခြား​တို့​အား ကယ်​တင်​ခြင်း အ​လင်း​တ​ရား​တော်​ကို​ကြေ​ညာ​တော်​မူ လိမ့်​မည်​ဟူ​၍​လည်း​ကောင်း မော​ရှေ​နှင့်​ပ​ရော ဖက်​များ​ဟော​ကြား​ခဲ့​သည့်​အ​တိုင်း​အ​ကျွန်ုပ် သည်​ဟော​ပြော​ပါ​၏'' ဟု​ချေ​ပ​လျှောက် ထား​၏။

တမန်တော်ဝတ္ထု 26