တမန်တော်ဝတ္ထု 25:7-21 Common Language Bible (BCL)

7. ပေါလု​ရောက်​ရှိ​လာ​သော​အ​ခါ​ယေ​ရု​ရှ​လင် မြို့​မှ လာ​ရောက်​ကြ​သော​ယု​ဒ​အ​မျိုး​သား တို့​သည် သူ့​ကို​ဝိုင်း​ရံ​လျက်​ကြီး​လေး​သော ပြစ်​မှု​များ​နှင့်​စွပ်​စွဲ​ပြော​ဆို​ကြ​၏။ သို့ သော်​ခိုင်​လုံ​သော​သက်​သေ​ကို​မ​ပြ​နိုင်​ကြ။-

8. ပေါ​လု​က ``အ​ကျွန်ုပ်​သည်​ယု​ဒ​အ​မျိုး​သား တို့​၏​ပ​ညတ်​တ​ရား​ကို​ဖြစ်​စေ၊ ဗိ​မာန်​တော် ကို​ဖြစ်​စေ၊ ရော​မ​ဧ​က​ရာဇ်​မင်း​ကို​ဖြစ်​စေ ပြစ်​မှား​မှု​တစ်​စုံ​တစ်​ခု​ကို​မျှ​မ​ကူး​လွန် ခဲ့​ပါ'' ဟု​ချေ​ပ​ပြော​ဆို​၏။

9. ဖေတ္တု​သည်​ယု​ဒ​အ​မျိုး​သား​တို့​ထံ​မှ​မျက် နှာ​ရ​လို​သ​ဖြင့်``သင်​သည်​ယေ​ရု​ရှ​လင်​မြို့ သို့​သွား​၍ ငါ​၏​ရှေ့​တွင်​ဤ​စွပ်​စွဲ​ချက်​များ နှင့်​စပ်​လျဉ်း​၍​အ​စစ်​အ​ဆေး​ခံ​ပါ​မည် လော'' ဟု​ပေါ​လု​အား​မေး​၏။

10. ပေါ​လု​က ``အ​ကျွန်ုပ်​သည်​ယ​ခု​ဧ​က​ရာဇ် ဘု​ရင်​တ​ရား​ခွင်​တွင် အ​စစ်​အ​ဆေး​ခံ​နိုင် ခွင့်​ကို​တောင်း​ဆို​ပါ​၏။ အ​ရှင်​အ​မှန်​သိ​တော် မူ​သည်​အ​တိုင်း​အ​ကျွန်ုပ်​သည် ယု​ဒ​အ​မျိုး သား​တို့​အား​အ​ဘယ်​သို့​မျှ​မ​ပြစ်​မှား​ခဲ့ ပါ။-

11. အ​ကယ်​၍​တ​ရား​ဥ​ပ​ဒေ​ကို​ချိုး​ဖောက်​ကာ သေ​ဒဏ်​ခံ​ထိုက်​သော​အ​ပြစ်​ကို​ကူး​လွန်​မိ လျှင် အ​ကျွန်ုပ်​အား​အ​သက်​ချမ်း​သာ​ခွင့်​ပေး ရန်​တောင်း​ခံ​မည်​မ​ဟုတ်​ပါ။ သို့​သော်​ထို​သူ တို့​စွပ်​စွဲ​ချက်​များ​သည်​အ​ခြေ​အ​မြစ်​မ​ရှိ ပါ​လျှင် မည်​သူ​မျှ​အ​ကျွန်ုပ်​အား​သူ​တို့​၏ လက်​သို့​ပေး​အပ်​နိုင်​မည်​မ​ဟုတ်​ပါ။ အ​ကျွန်ုပ် သည်​ဧ​က​ရာဇ်​ဘု​ရင်​ထံ​အ​ယူ​ခံ​ပါ​၏'' ဟု လျှောက်​၏။

12. ထို​အ​ခါ​ဖေတ္တု​သည်​မိ​မိ​၏​အ​တိုင်​ပင်​ခံ အ​ရာ​ရှိ​များ​နှင့်​တိုင်​ပင်​ပြီး​နောက် ``သင် သည်​ဧ​က​ရာဇ်​ဘု​ရင်​ထံ​အ​ယူ​ခံ​သ​ဖြင့် ဧ​က​ရာဇ်​ဘု​ရင်​ထံ​သို့​သွား​ရ​မည်'' ဟု ဆို​၏။

13. ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ အ​ဂြိပ္ပ​မင်း​ကြီး​နှင့်​မိ​ဖု​ရား​ဗေ​ရ​နိတ် တို့​သည် ကဲ​သ​ရိ​မြို့​သို့​ရောက်​နေ​သော ဘု​ရင်​ခံ​ဖေတ္တု​အား​နှုတ်​ဆက်​ရန် ကဲ​သ​ရိ မြို့​သို့​လာ​ကြ​၏။-

14. ထို​မြို့​တွင်​ရက်​အ​တော်​ကြာ​မျှ​တည်း​ခို​နေ ကြ​စဉ် ဖေတ္တု​သည်​ပေါ​လု​၏​အ​မှု​ကို​မင်း​ကြီး အား​ပြော​ပြ​၏။ ဖေတ္တု​က ``ဤ​အ​ရပ်​တွင်​ဖေ လဇ်​အ​ကျဉ်း​ချ​ထား​ခဲ့​သည့်​လူ​တစ်​ယောက် ရှိ​ပါ​၏။-

15. ကျွန်ုပ်​ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​စဉ်​အ​ခါ​က ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ယု​ဒ​အ​မျိုး သား​ခေါင်း​ဆောင်​များ​သည် ကျွန်ုပ်​အား​ထို​သူ ကို​စွပ်​စွဲ​ချက်​တင်​ကြ​ပြီး​နောက် သူ့​အား အ​ပြစ်​ဒဏ်​စီ​ရင်​ရန်​တောင်း​ဆို​ကြ​ပါ​၏။-

16. အ​ကျွန်ုပ်​က​တ​ရား​ခံ​တစ်​ယောက်​အား​တ​ရား​လို များ​နှင့်​မျက်​နှာ​စုံ​ညီ​တွေ့​ဆုံ​၍ သူ​တို့​၏​စွပ်​စွဲ ချက်​ကို​ချေ​ပ​ခွင့်​မ​ပေး​ဘဲ​အ​ပြစ်​ဒဏ်​စီ​ရင် ခြင်း​မှာ ရော​မ​ဋ္ဌ​လေ့​ထုံး​စံ​မ​ဟုတ်​ကြောင်း​သူ တို့​အား​ဖြေ​ကြား​ခဲ့​ပါ​၏။-

17. သို့​ဖြစ်​၍​သူ​တို့​သည်​ဤ​မြို့​သို့​လာ​ရောက်​သော အ​ခါ အ​ကျွန်ုပ်​သည်​မ​ဆိုင်း​မ​ငံ့​ဘဲ​နောက်​တစ် နေ့​၌​တ​ရား​ခွင်​မှာ​ထိုင်​၍​ထို​သူ​ကို​အ​ခေါ် ခိုင်း​ပါ​၏။-

18. တ​ရား​လို​များ​သည်​ထ​၍​သူ့​အား​စွပ်​စွဲ​ပြော ဆို​ကြ​သော်​လည်း အ​ကျွန်ုပ်​ထင်​သည့်​ပြစ်​မှု များ​ဖြင့်​မ​ဟုတ်​ပါ။-

19. သူ​တို့​၏​ဘာ​သာ​တ​ရား​နှင့်​ပတ်​သက်​၍​လည်း ကောင်း၊ ယေ​ရှု​ဆို​သူ​အ​ကြောင်း​နှင့်​ပတ်​သက် ၍​လည်း​ကောင်း၊ အ​ငြင်း​ပွား​မှု​သာ​ဖြစ်​ပါ သည်။ ထို​ယေ​ရှု​သည်​သေ​လွန်​သွား​သော်​လည်း အ​သက်​ရှင်​လျက်​ရှိ​သည်​ဟု​ပေါ​လု​က​ဆို ပါ​သည်။-

20. ထို​ပြ​ဿ​နာ​များ​ကို​ဖြေ​ရှင်း​ရန်​ကျွန်ုပ်​မှာ မ​ကျွမ်း​သ​ဖြင့် ပေါ​လု​အား `သင်​သည်​ယေ​ရု ရှ​လင်​မြို့​သို့​သွား​ပြီး​လျှင် ဤ​စွပ်​စွဲ​ချက်​များ နှင့်​စပ်​လျဉ်း​၍​အ​စစ်​အ​ဆေး​ခံ​လို​ပါ သ​လော' ဟု​မေး​ပါ​၏။-

21. သို့​ရာ​တွင်​ပေါ​လု​သည်​ဧ​က​ရာဇ်​ဘု​ရင်​မင်း​၏ အ​ဆုံး​အ​ဖြတ်​ကို​သာ​ခံ​ယူ​လို​ကြောင်း​ပြော ပြ​ပါ​သည်။ သူ​သည်​မိ​မိ​အား​အ​ချုပ်​နှင့်​ပင် ထား​ရှိ​၍ ဧ​က​ရာဇ်​မင်း​၏​အ​ဆုံး​အ​ဖြတ်​ကို ခံ​လို​ကြောင်း​ပန်​ကြား​သ​ဖြင့် သူ့​ကို​ဧ​က​ရာဇ် မင်း​ထံ​ပို့​အပ်​ချိန်​အ​ထိ​ချုပ်​ထား​ရန်​အ​မိန့် ပေး​ခဲ့​ပါ​သည်'' ဟု​ဆို​၏။

တမန်တော်ဝတ္ထု 25